Monday, June 15, 2026

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့်...

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင်...

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ဧရာဝတီအသင်း ခေါ်ယူ

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ရာသီအတွက် ဧရာဝတီအမျိုးသမီးအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးမေထက်လူကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ တိုက်စစ်မှူး မေထက်လူအတွက်မူ ယခုအပြောင်းအရွှေ့သည် သူမအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက်ပိုင်း...

Myanmar Women’s League အဖွင့်ပွဲစဉ်အဖြစ်...

ယနေ့ ဇွန်(၁၅)ရက် ညနေ (၄)နာရီအချိန် ၌ သုဝဏ္ဏအားကစားကွင်းအတွင်း ကျင်းပပြုလုပ်မည့် Myanmar Women's League အဖွင့်ပွဲစဉ်တွင် ရှမ်းယူနိုက်နှင့် I.S.P.E...

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက်...
HomeNewsLocal Newsဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင်...

ဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းမည်

ဧရာဝတီတိုင်းဒေသကြီးရှိ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လင်းအောင်က သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့် အဆိုကို တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ထိုမှတဆင့် လွှတ်တော်ကိုယ်စားလှယ် (၅) ဦးကလည်း မြစ်ကျောက်ထုတ်ယူရာတွင် စည်းကမ်းမဲ့ထုတ်ယူမှုနှင့်ပတ်သက်၍ လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်မေသန်းဦးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ၌ ဧရာဝတီတိုင်းအတွင်း အလွန်အကျွံ မြစ်ကျောက်ထုတ်ယူမှုများ နှင့် သစ်ခုတ်ယူမှုများကို စောင့် ကြည့်ထိန်းချုပ်မှု အားနည်းနေသည့်အတွက် ထိုသို့ဆောင်ရွက်ကာ အဆိုတင်သွင်းရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် တိုင်းဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ ခွင့်ပြုလုပ်ငန်းရှင်များ၏ အမည်စာရင်းများနှင့်လုပ်ကွက် တည်နေရာအတိအကျကို လွှတ်တော်သို့ တင်ပြပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်၊သတ္တုတူးဖော်ရေး လုပ်ငန်းမှ အခွန်ငွေကျပ် (၃၈၄၉ ) သိန်း ရရှိခဲ့ကာ တိုင်းဒေသကြီးရန်ပုံငွေသို့ပေးသွင်းစေခဲ့ပြီး ယခုလာမည့်ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် ခွဲဝေသုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ လွှတ်တော်တွင် မေးမြန်း

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။ “ရပ်ကွက်ကျေးရွာတွေမှာ လိုင်စင်မဲ့ ယစ်မျိုးဆိုင်များ၊ မိတ္တုပွားဆိုင်များ ဖွင့်လှစ်ရောင်းချနေကြောင်း ကြားသိမြင်တွေ့နေရပါတယ်။ တာဝန်ရှိသူများ စိစစ်အရေးယူမှုများ ဆောင်ရွက်နေပေမယ့် ထိရောက်စွာ ဆောင်ရွက်နေမှု အားနည်းတာကိုတွေ့ရပါတယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယစ်မျိုးလိုင်စင် ၉၇၀၀...

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ဧရာဝတီအသင်း ခေါ်ယူ

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ရာသီအတွက် ဧရာဝတီအမျိုးသမီးအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးမေထက်လူကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ တိုက်စစ်မှူး မေထက်လူအတွက်မူ ယခုအပြောင်းအရွှေ့သည် သူမအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက်ပိုင်း မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ပထမဦးဆုံးအကြိမ်အဖြစ် ဧရာဝတီအသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ကစားရမည့် စိန်ခေါ်မှုသစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲပတွင်း မေထက်လူ ပါဝင်လာခြင်းသည် ရာသီတွင်း အလှုပ်ခတ်ဆုံးနှင့် စိတ်ဝင် စားစရာအကောင်းဆုံး ကစားသမားအပြောင်းအရွှေ့သတင်းတစ်ခု ဖြစ်လာသည်။ ထို့အပြင် ဧရာဝတီအမျိုးသမီးအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပြည်တွင်းလိဂ်အပြင် AFC Women's Champions League ခြေစစ်ပွဲကိုပါ ဝင်ရောက်ယှဉ်ပြိုင်ရမည့်...

Myanmar Women’s League အဖွင့်ပွဲစဉ်အဖြစ် ရှမ်း ယူနိုက် နှင့်.S.P.E FC တို့ ယနေ့ ယှဉ်ပြိုင်ကစားမည်

ယနေ့ ဇွန်(၁၅)ရက် ညနေ (၄)နာရီအချိန် ၌ သုဝဏ္ဏအားကစားကွင်းအတွင်း ကျင်းပပြုလုပ်မည့် Myanmar Women's League အဖွင့်ပွဲစဉ်တွင် ရှမ်းယူနိုက်နှင့် I.S.P.E FC အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ ယနေ့ ညနေပိုင်းတွင် စတင်ယှဉ်ပြိုင်ကစားမည့် Myanmar Women's League 2026-27 ရာသီအဖွင့်ပွဲစဉ်သို့ လာရောက်အားပေးမည့် ဘောလုံးပရိသတ်များအတွက်လည်း အထူးကံစမ်းမဲအစီအစဉ်များ ထည့်သွင်းစီစဉ်ပေးထားကြောင်း မြန်မာအမျိုးသမီးလိဂ်ကော်မတီက အသိပေးထားသည်။ အဆိုပါ ကံစမ်းမဲဆုလက်ဆောင်များသည်ဘောလုံးပွဲလာရောက်ကြည့်ရှုသူများ အမှတ်တရဖြစ်စေရန်ရည်ရွယ်ပြီး၊ကံစမ်းမဲတွင် Myanmar Women's League 2026-27 တစ်ရာသီလုံး အခမဲ့ ကြည့်ရှုခွင့်၊ မြန်မာ့လက်ရွေးစင်အသင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071