ရန်ကုန်တိုင်း၏၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇွန် ၁၃ ရက်နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစိုးရနည်းပညာကောလိပ်တွင်ပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် ဇနီး၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းတရားလွှတ်တော်တရားသူ ကြီးချုပ်ဒေါ်စန္ဒာသွယ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ခရေ(၁၅၀)ပင်၊ ပိတောက် (၁၅၀)ပင်၊ ကံ့ကော်(၁,၀၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ ပျဉ်းကတိုး(၁၅၀)ပင်၊ သင်္ကန်း (၅၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်နှင့် တရုတ်တယ်(၅၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြသည်။
