အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် အဖွဲ့ကို နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီဂဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး အစိုးရချင်း လွှတ်တော်ချင်းသာမက ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ပညာရေး၊ စွမ်းအင်ကုန်သွယ်ရေး အလုပ်သမား၊ အားကစား အပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍာများတွင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
