တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည်ဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ်များက ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းဆွေး နွေးကြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။
ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်ရီရီတင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်ဇာခြည်လင်း၊ ရွှေပြည်သာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်၊ တိုက်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးစိုးဝင်းအောင်၊ ကျောက်တန်းမြို့နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်အေးမင်းမိုးတို့က ကြယ်ပွင့်ပြမေးခွန်းများကိုမေးမြန်းသွားကြမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဖွဲ့စည်းခဲ့သော ကော်မတီ(၂)ခုတွင် ကော်မတီဝင်အသစ်များ ထည့်သွင်းတာဝန်ပေးအပ်ခြင်းအတွက်လည်း လွှတ် တော်၏အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ “ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက် မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်ခြင်းဆိုင် ရာဥပဒေကြမ်း”နှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီ ၏အစီရင်ခံစာကို လွှတ်တော်သို့ဖတ်ကြားတင်ပြခြင်းနှင့် ယင်း ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်းတို့ကိုလည်းပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
