Home News Local News ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

0
614

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

ထို့ပြင် DI Ammonium Phosphate (DAP) အခြေခံ ၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၁၅,၀၀၀ ဖြင့် ဇွန် ၈ ရက်မှ ဇွန် ၂၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။

Complex ၁၅ ပတ်လည်မြေဩဇာအတွက်မူ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားခြင်းမရှိကြောင်း အသင်းက အသိပေးထားသည်။

အဆိုပါဈေးနှုန်းများမှာ ရန်ကုန်အထိုင် လက္ကားဈေးနှုန်းများဖြစ်ပြီး လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချသည့်ဈေးနှုန်းများသာ ဖြစ်ကြောင်း၊ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်များပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက ဦးဆောင်ကော်မတီ ဖုန်း ၀၆၇-၄၁၀၀၃၅ သို့မဟုတ် MFSPEA အသင်း ဖုန်း ၀၉-၉၈၈၅၃၉၃၆၀ နှင့် ၀၉-၆၆၅၄၀၇၈၉၀ တို့သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here