ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများ
ရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယမန်နေ့ က တွေ့ဆုံခဲ့ကြောင်း သိရသည်။
စာတတ်မြောက်မှုနှုန်းနှင့် ကျား၊ မ ကွာဟချက်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ စာသင်ကျောင်းများနှင့် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသောနေရာ ဖြစ်စေရေးအတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် အခြေခံပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် ဦးစားပေး လုပ်ငန်းစဉ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်ရေး၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်း၊ အင်္ဂလိပ်စာသင်ကြားမှုသင်တန်းများနှင့် ကျောင်းစီမံခန့်ခွဲမှုသင်တန်းများ ပံ့ပိုးပေးရေး၊ SEA- PLM အစီအစဉ်များမှတစ်ဆင့် ဒေသတွင်းနိုင်ငံများ၏ ပညာရေးအခြေအနေများနှင့် နှိုင်းယှဉ်လေ့လာခြင်း၊ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
