Wednesday, June 10, 2026

မုံရွာ-မန္တလေးသွားကားလမ်း၌ ကားနှစ်စီးတိုက် (၁)ဦးသေဆုံး (၁)ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၌ ယနေ့ ဇွန် ၁၀ ရက်နေ့လည် ၃ နာရီခွဲကျော်ခန့်က ကား(၂)စီးတိုက်မိခဲ့ကြောင်း သိရသည်။ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး ၏...

ရန်ကုန်မှာအမေရိကန်သံတမန်တစ်ဦးသေဆုံးမှု နှင့်ပတ်သက်၍ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထား

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်မှာ အမေရိကန် သံတမန်တစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအမှု စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ သတိပြုရန်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌...

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ...

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ...
HomeMoviesရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်သော်လည်း...

ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်သော်လည်း စိုးရိမ်ရန်မရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သတိပေး

​ရန်ကုန်မြစ်အတွင်း လာမည့် ဇွန်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလအ တွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိ ပေးချက် ထုတ်ပြန်လိုက်သည်။

​အဆိုပါ ကာလအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့် (၂၀.၀၁) ပေမှ (၂၀.၀၄) ပေခန့်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။

သို့သော်လည်း ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် အခြေခံရေစစ်မျဉ်းအထက် (၂၂) ပေခန့်အထိ တက်ခဲ့ဖူးသည့် သာဓ ကများရှိခဲ့သဖြင့် ယခုအခြေအနေမှာ စိုး ရိမ်ဖွယ်မရှိကြောင်းအသိပေးထားသည်။

​ရန်ကုန်မြစ်၏ ခန့်မှန်းဒီရေအမြင့်သည် အခြေခံရေစစ်မျဉ်းအထက် (၂၀) ပေကျော်လွန်နိုင်သည့်အတွက် မြစ်ကမ်းနားဒေသအနီး နေထိုင်သူများအနေဖြင့် လို အပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

​မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသုံးပြုသည့် ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်းဆိုသည်မှာ “အနိမ့်ဆုံးကျနိုင်သည့် ရေအမှတ်” ကို သတ်မှတ်ထားခြင်း ဖြစ် သည်။

ရေကြောင်းပြမြေပုံများ ရေးဆွဲရာတွင်လည်းကောင်း၊ ရေအနက်ကို တိုင်းတာရာတွင်လည်းကောင်း ဤမျဉ်းကို အခြေ ခံ (သုညအမှတ်)အဖြစ် အသုံးပြုသည်။

ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်းသည် ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အောက် ၉.၀၇ ပေ (၂.၇၆ မီတာ) ခန့်တွင် တည်ရှိ သည်။​သတင်းထုတ်ပြန်ချက်ပါ အခြေခံရေစစ်မျဉ်းအထက် ၂၀ ပေ ဆိုသည်မှာ ရေကြောင်းပြမြေပုံပါ သုညအမှတ် (အနိမ့်ဆုံးရေကျချိန်)ထက် ၂၀ ပေ ပိုမိုမြင့်တက်လာမည်ဟု ဆိုလိုခြင်း ဖြစ်  သည်။

ပျမ်းမျှပင်လယ်ရေမျက်နှာပြင်နှင့် နှိုင်း ယှဉ်ပါက ရေမျက်နှာပြင်ထက် ၁၁ ပေခန့် ပိုမိုမြင့်တက်လာမည့် သဘောဖြစ် သည်။

အခြေခံရေစစ်မျဉ်းသည် ကုန်းမြေပေါ်ရှိ လမ်းမများ၊ လူနေအိမ်ခြေများ၏ အမြင့်ပေနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ မြစ်ကြောင်းအတွင်းရှိ ရေအနက်ကို တိုင်း တာသည့် စံနှုန်းတစ်ခုသာ ဖြစ်သည်။

သို့ဖြစ်ရာ ပေ (၂၀) ကျော် တက်မည်ဆိုသော်လည်း ကုန်းပေါ်သို့ ပေ (၂၀) အထိ ရေနစ်မြုပ်မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာ-မန္တလေးသွားကားလမ်း၌ ကားနှစ်စီးတိုက် (၁)ဦးသေဆုံး (၁)ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၌ ယနေ့ ဇွန် ၁၀ ရက်နေ့လည် ၃ နာရီခွဲကျော်ခန့်က ကား(၂)စီးတိုက်မိခဲ့ကြောင်း သိရသည်။ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး ၏ ခင်မွန်ကျေးရွာအနီးတွင် ကားနှစ်စီးတိုက်မိရာမှ အ မျိုးသား(၁)ဦးသေဆုံးပြီး အမျိုးသား(၁)ဦးတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ချောင်းဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူတို့အား မြန်မာနိုင် ငံကယ်ဆယ်ရေးအသင်းက ရွှေမြင့်မိုရ်ဆေးရုံနှင့် ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတို့သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မှာအမေရိကန်သံတမန်တစ်ဦးသေဆုံးမှု နှင့်ပတ်သက်၍ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထား

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်မှာ အမေရိကန် သံတမန်တစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအမှု စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရန်ကုန်မှာရှိတဲ့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်အရာရှိတွေနဲ့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတို့ကတော့ ဒီအမှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဆီကိုပဲ လွှဲပြောင်းပေးခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ရန်ကုန်သံရုံးမှာ တာဝန်ကျနေတဲ့ "အမေရိကန်အစိုးရဝန်ထမ်းတစ်ဦး သေဆုံးသွားတာ" မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပေမယ့် တခြားအသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ Associated Press...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ သတိပြုရန် တိုက်တွန်း

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ “အောင်စာရင်း ကြိုသိပေးမည်” ၊ “စာမေးပွဲအောင်အောင် လုပ်ပေးမည်” ၊ “ဂုဏ်ထူးရအောင် ကူညီပေးမည်” စသည့် စာသားများဖြင့် ခုံအမှတ်များ တောင်းယူကာ ငွေကြေး လိမ်လည်တောင်းခံမှုများ ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အသိပေးထားသည်။ ထို့ပြင် အချို့သော လိမ်လည်သူများသည် အကောင့်တုများ အသုံးပြု၍ “ကြည့်ပေးတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071