Wednesday, June 10, 2026

အာရှစင်မြင့်ထက်က မြန်မာဘောလုံးကလပ်(၂) သင်း၏ စိန်ခေါ်မှုအသစ်...

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ တရားဝင်ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှတိုက်အဆင့်ကလပ်ပြိုင်ပွဲတစ်ခုဖြစ်သည့် AFC Challenge League (ACGL) တွင်...

ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများ ပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ်...

ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န) ဝါ...

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လက်ခံတွေ့ဆုံအွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေကြမ်းအပါဝင်...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို လက်ခံတွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Dr. Md. Monwar Hossain ကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌...

ရထားလက်မှတ်များကို Social Media မှတစ်ဆင့်...

မြန်မာ့မီးရထား၏ အွန်လိုင်းရထားလက်မှတ်ဝယ်ယူမှုစနစ် (Online Railway Ticket Prospect - ORTP) ကို အသုံးပြု၍ TikTok၊ Facebook၊ Telegram...
HomeMoviesဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။

NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်က အ လွတ်သဘောတွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကာ အ လွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ ဆုံဆွေးနွေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်သူများကြား အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းဖြင့်ဆွေးနွေးအဖြေရှာရေးအ တွက် သက်ဆိုင်သူများအားတိုက်တွန်းရေး၊ ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ငန်းစဉ်ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် NCA အနှစ်သာရကိုအခြေခံသော အားလုံးပါ ဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ထုတ်ရေးနှင့် စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိဒေသခံများ ငြိမ်းချမ်းရေးအသီးအပွင့်များခံစားနိုင်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဆောင် ရွက်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင် ငံတကာအကူအညီများရရှိနိုင်ရေးနှင့် သက်ဆိုင်သူ များအားလုံးပါဝင်နိုင်မည့် အစည်းအဝေးကျင်းပရာနေ ရာ(ပြည်တွင်း/ပြည်ပ)ကိုရွေးချယ်ဆောင်ရွက်နိုင်ရေးတို့ကိုလည်းဆွေးနွေးကြကြောင်း သိရသည်။

ထို့ပြင် NSPNC အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်မှ ကော်မတီကဆောင်ရွက်မည့် ငြိမ်းချမ်းရေးအစီအ စဉ်များအားရှင်းလင်းဆွေးနွေးပြီး NCA-S EAOs ဆွေး နွေးညှိနှိုင်းရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဖော်ဆောင်မှုဆိုင်ရာ သဘောထားများကိုအဆို ပြုတင်ပြခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းရေးအဖွဲ့၏ အစိုးရသစ်ရက်(၁၀၀)အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ကာလသတ်မှတ်ချက်၊ အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ၊ လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍မေးမြန်းဆွေးနွေးမှုများကို ကော်မတီတာဝန်ရှိသူများက ပြန်လည်ရှင်း လင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှစင်မြင့်ထက်က မြန်မာဘောလုံးကလပ်(၂) သင်း၏ စိန်ခေါ်မှုအသစ် ACGL တွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ တရားဝင်ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှတိုက်အဆင့်ကလပ်ပြိုင်ပွဲတစ်ခုဖြစ်သည့် AFC Challenge League (ACGL) တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ခွင့်နေရာ (၂) နေရာရရှိခဲ့ကြောင်း သိရသည်။ ဝင်ခွင့်သတ်မှတ်ချက်များအရ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြီးခဲ့သည့်ရာသီ မြန်မာနေရှင်နယ်လိဂ်(MNL) ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဒုတိယရရှိခဲ့သော ရန်ကုန်ယူနိုက်တက်အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြိုင်ပွဲပုံစံသတ်မှတ်ချက်များအရ မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ACGL ပြိုင်ပွဲ ၏ အုပ်စုအဆင့်မှစတင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းမှာမူ အုပ်စုအဆင့်တက်လှမ်းနိုင်ရန် ခြေစစ်ပွဲအဆင့်မှစတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ အာရှဘောလုံးအဖွဲ့ချုပ်...

ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများ ပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မည်

ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န) ဝါ ဟူစိန်တို့၏ ဆွေးနွေးချက်များအရ သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးတို့သည် ဇွန် ၉ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အိမ်နီးချင်းကောင်းပီသမှု၊ စစ်မှန်သည့် စိတ်ဆန္ဒတို့အပေါ်အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်သို့...

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လက်ခံတွေ့ဆုံအွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေကြမ်းအပါဝင် ဥပဒေပြုရေးလုပ်ဆောင်နေမှုများဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို လက်ခံတွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Dr. Md. Monwar Hossain ကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ လက်ခံတွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။ တွေ့ဆုံစဉ် ရွေးကောက်ပွဲအပြီး လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် ခေတ်နှင့်လျော်ညီသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။ ထို့ပြင် အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လွှတ်တော်ဖွဲ့စည်းမှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071