Monday, June 15, 2026

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊...

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP...

ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant...

ဗြိတိန်မှာ အသက် ၁၆ နှစ်အောက်...

ဗြိတိန်မှာ ၂၀၂၇ ခုနှစ် နွေဦးကစပြီး အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်ပင်တားမြစ်တော့မယ်လို့ ဝန်ကြီးချုပ် ခီယာ...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅...
HomeMoviesပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄) ခု မေးမြန်း၊ ဒေသခံများ၏ လျှပ်စစ်မီးရရှိရေး အဓိကထားဆွေးနွေး

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်း (၄) ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကဝမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ညီညီစိုးက ကဝမြို့နယ်အတွင်း ဒေသခံပြည်သူများ လျှပ်စစ်မီး အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေး၊ လျှပ်စစ်ဓာတ်အား အချိန်မှန်ဖြန့်ဖြူးပေးနိုင်ရေးနှင့် မီးအားပြည့်ဝစွာ ရရှိနိုင်ရေးအတွက် မည်သည့်စီမံကိန်းများဖြင့် မည်သည့်အချိန်ကာလအတွင်း ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းခဲ့သည်။

အုတ်ဖိုမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်က အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်ရှိ မြို့ပတ်လမ်း ပေ ၁,၆၀၀ အနက် သွယ်တန်းရန် ကျန်ရှိနေသည့် လမ်းပိုင်းပေ ၈၀၀ အတွက် ၄၀၀ ဗို့အားလိုင်း ထပ်မံသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်မင်းစိုးက ပေါက်ကုန်းကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့သည်။

ထို့ပြင် သဲကုန်းမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်က အင်းပေါ်ငယ်အုပ်စုရှိ ရန္တကူး၊ သာလှပင်စည်နှင့် အင်းပေါ်ကြီးကျေးရွာများအတွက် 11KV ဓာတ်အားလိုင်းနှင့်အတူ 100KVA ထရန်စဖော်မာ တစ်လုံးစီ တပ်ဆင်ပေးရေး၊ ကြပ်ကြီးကုန်းကျေးရွာအတွက် 11KV ဓာတ်အားလိုင်းနှင့် 50KVA ထရန်စဖော်မာတစ်လုံး တပ်ဆင်ပေးရေး အစီအစဉ်ရှိ/မရှိကို မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ မေးခွန်းများနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ထွဋ်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးကုဆရာဝန်ကြီး (၁၂)ပါဝင်သော အဖွဲ့က ပြည်မြို့တွင် ဒေသခံ (၂,၀၀၀) နီးပါးကိုကွင်းဆင်းကုသပေးခဲ့

​ရန်ကုန်မြို့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေး ရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာ ဝန်ကြီး (၁၂) ဦး ပါဝင်သော အဖွဲ့သည် ဇွန်လ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ​ယခု ကွင်းဆင်းကုသမှုတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်မှ လာရောက်ပြသသည့် ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ်  ကြောင်း သိရသည်။ အဆိုပါ ​နှစ်ရက်တာကာလအတွင်းအထူးကုအဖွဲ့အနေဖြင့်​အထွေထွေရောဂါလူနာ (၄၅၆) ဦး၊...

မတ္တရာမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား ၇၀၀၀ ကျော် ဝင်ရောက်ဖြေဆို မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်တွင် စာစစ်ဌာန ၂၆ ခုဖြင့် ဇွန် ၁၅ရက်မှစတင်၍ Placement Test အထူးအစီအစဉ်ကို ဆောင်ရွက် လျက်ရှိနေသည်။

ထိုသို့ဆောင်ရွက်နေရာ အရည်အချင်းစစ်ဆေးမှုတွင်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၇၉၂၂ ဦး ရှိကာ စုစုပေါင်း ၇၆၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ စာရင်းများအရ Grade-1တွင် ၇၄၇ ဦး၊ Grade-2တွင် ၁၅၄၆ ဦး၊ Grade-3တွင် ၁၅၉၀ ၊ Grade-4တွင် ၁၃၆၅ ဦး၊ Grade-5 တွင် ၉၅၁ ဦး၊ Grade-6 တွင် ၆၈၀ ၊ Grade-7တွင် ၅၀၄ဦးနှင့် Grade-8 တွင် ၂၄၁ ဦး  ဖြေဆိုခဲ့ကြသည်။ Placement test သည်...

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP Myanmar ၏ Grant လျှောက်ထားမှုဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲများ ညောင်ရွှေနှင့် ကလောမြို့နယ်တို့တွင် ကျင်းပမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ရေးနှင့် UNDP Myanmar က ပေးအပ်မည့် Grant များ လျှောက်ထားခြင်းဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲ သုံးခု ကို ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ဇူလိုင်လအတွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြိုအလုပ်ရုံဆွေးနွေးပွဲတွင် အဓိကအစီအစဉ်များအနေဖြင့် Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ပေးခြင်း၊ လျှောက်ထားရန် လိုအပ်ချက်များနှင့် လျှောက်ထားပုံ အဆင့်ဆင့်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071