Wednesday, June 17, 2026

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...

နိုင်ငံတကာပါလီမန်ဆက်ဆံရေး မြှင့်တင်ရေး AIPA နှင့်...

နိုင်ငံတကာပါလီမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (IPU) တို့ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့...
HomeNewsLocal Newsမုတ်သုံလေနှင့် မိုးတိမ်တောင်အရှိန်ကြောင့် ရန်ကုန်အပါအဝင်...

မုတ်သုံလေနှင့် မိုးတိမ်တောင်အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့၌ မိုးကြီးနိုင်

မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၈ ရက်တွင် ထုတ်ပြန်သည်။

ဇွန် ၈ ရက် ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း မိုးဇလက သတိပေးထားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

လာမည့် နှစ်ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော် CRCC သို့ နိုင်ငံတော်သမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ CRCC သည် ၁၉၄၈ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ Railway Corps အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ထိပ်တန်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် CRCC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071