Wednesday, June 17, 2026

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...

နိုင်ငံတကာပါလီမန်ဆက်ဆံရေး မြှင့်တင်ရေး AIPA နှင့်...

နိုင်ငံတကာပါလီမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (IPU) တို့ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့...
HomeMoviesသီးနှံစိုက်ဧကများသော်လည်း အထွက်နှုန်းလျော့နည်းသည့်ဒေသများ၌သုတေသနပြုအဖြေရှာရန် နိုင်ငံ...

သီးနှံစိုက်ဧကများသော်လည်း အထွက်နှုန်းလျော့နည်းသည့်ဒေသများ၌သုတေသနပြုအဖြေရှာရန် နိုင်ငံ တော်သမ္မတမှာကြား

သီးနှံအထွက်နှုန်းမြင့်မားစေရေးနှင့်ပတ်သက်၍ သု တေသနပြုအဖြေရှာခြင်းများပြုလုပ်ရန် နိုင်ငံတော်သ မ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၅ ရက်ကကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ မှာကြားခဲ့ခြင်းဖြစ် သည်။

” သီးနှံစိုက်ဧကအများအပြားရှိပေမယ့် အထွက်နှုန်း လျော့နည်းနေတဲ့ဒေသတွေက်ု သုတေသနအဖွဲ့တွေစေ လွှတ်ပြီး အချိန်ယူသုတေသနပြုအဖြေရှာရပါမယ်။ နေ ကြာမျိုးစေ့တွေနဲ့ နှမ်းမျိုးစေ့တွေကိုလည်း ဆက်လက်တိုးချဲ့ထုတ်လုပ်နိုင်ဖို့လိုပါတယ်။ စိုက်ဧကတိုးချဲ့မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်မယ့် မျိုးစေ့လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့အတွက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းတွေကို ပြည်တွင်းမှာဘဲ စဉ်ဆက်မပြတ် သု တေသနပြုထုတ်လုပ်ဖို့လိုပါတယ်”ဟု နိုင်ငံတော်သမ္မ တက မှာကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် ပြည်ပဈေးကွက်သို့တင်ပို့လျက်ရှိသော ပဲမျိုးစုံသည် အခြားနိုင်ငံများမှ ပဲများနှင့်နှိုင်းယှဉ်ပါက အရောင်အဆင်း လိုအပ်ချက်ရှိနေရာ ပဲမျိုးများအား သုတေသနပြုထုတ်လုပ်ရာ၌ အ ရွယ်အစား၊ အရောင်အဆင်း၊ အရသာ (၃)မျိုးလုံးကောင်းမွန်ရန်လိုကာ ဥတုရာသီသုံးမျိုးလုံးစိုက်ပျိုးနိုင်ရေးအတွက်လည်းဆောင်ရွက်ရမည်ဟု မှာကြားသည်။

” ဒေသအလိုက် ရေမြေသဘာဝတူညီမှုရှိမှာမဟုတ်လို့ အရွယ်အစား၊ အရောင်အဆင်း၊ အရသာတွေကွဲပြားခြားနားနိုင်ပေမယ့် ဒေသအလိုက်ကိုက်ညီတဲ့ သီးနှံမျိုး စေ့တွေကို စနစ်တကျသုတေသနပြုထုတ်လုပ်ဖို့လိုပါတယ်။ သီးနှံတွေကို ပြည်ပတင်ပို့ရောင်းချရာမှာလည်း အမြတ်နည်းနည်းနဲ့ အရေအတွက်များများရောင်းချနိုင်ဖို့ဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။

နိုင်ငံတော်သမ္မတသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် ပဲမျိုးများ၊ နေကြာမျိုးများနှင့် သီး နှံမျိုးများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော် CRCC သို့ နိုင်ငံတော်သမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ CRCC သည် ၁၉၄၈ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ Railway Corps အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ထိပ်တန်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် CRCC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071