ဇွန်လ ၂၈ ရက်
တရုတ်သုတေသီများသည် ဟွာဝေနည်းပညာကုမ္ပဏီနှင့် ပူးပေါင်းကာ နှစ်ဖက်မြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းကို အသုံးပြု၍ ကမ္ဘာ့ပထမဆုံး ပြိုင်တူတွက်ချက်သော ပရိုဆက်ဆာ ကို တည်ဆောက်နိုင်ခဲ့သည်။
ဆီလီကွန်အခြေခံ စက်ပစ္စည်းများသည် ၎င်းတို့၏ အတိုင်းအတာကန့်သတ်ချက်များရှိလာတော့မည်ဖြစ်၍ ကွန်ပျူတာတွက်ချက်မှုစွမ်းရည်သည် နှစ်နှစ်လျှင် တစ်ကြိမ်ခန့် နှစ်ဆတိုးလာပြီး ကုန်ကျစရိတ်မှာ ထက်ဝက်ခန့် လျော့ကျသွားသည်ဟူသော “မိုးရ်၏နိယာမ” (Moore’s Law) သည် အလှည့်အပြောင်းတစ်ခုနှင့် ရင်ဆိုင်နေရသည်။
သို့သော်လည်း မိုလစ်ဘ်ဒီနမ် ဒိုင်ဆာလ်ဖိုဒ် ကဲ့သို့သော နှစ်ဖက်မြင်ပစ္စည်းများသည် သဘာဝအတိုင်း အက်တမ်တစ်ကိုယ်စာမျှသာ အထူရှိသဖြင့် အီလက်ထရွန်များကို တည်ငြိမ်ပြီး ထိရောက်စွာ ရွေ့လျားနိုင်စေကာ မိုးရ်၏နိယာမကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့် ထိပ်တန်းရွေးချယ်စရာ ပစ္စည်းများ ဖြစ်လာစေသည်။
နန်ကျင်းတက္ကသိုလ်၏ အိုင်စီမဟာဌာနမှ အဖွဲ့တစ်ဖွဲ့သည် ဟွာဝေကုမ္ပဏီနှင့် ပူးပေါင်း၍ ပထမဆုံးသော မိုလစ်ဘ်ဒီနမ် ဒိုင်ဆာလ်ဖိုဒ်အခြေခံ ကာပြိုင်တူတွက်ချက်သော မိုက်ခရိုပရိုဆက်ဆာ ကို တည်ဆောက်ခဲ့သည်။ ၎င်းတို့၏ သုတေသနလုပ်ငန်းကို Nature Electronics ဂျာနယ်တွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။
မန်ချီ-၁၀၀၀ (Mengqi-1000) သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် မက်ဂျစ်-၁၀၀၀ (Magic-1000) ဟု ခေါ်ဆိုသည့် အဆိုပါစက်ပစ္စည်းသည် မိုက်ခရိုချစ်ပ်ပြားတစ်ခုပေါ်တွင် ထရန်စစ္စတာ မည်မျှအထိ ထည့်သွင်းနိုင်သည်ကို တိုင်းတာသည့် သိပ်သည်းဆတွင် စံချိန်တင်အမြင့်ဆုံးအဆင့်ကို ရရှိခဲ့သည်။
နန်ကျင်းတက္ကသိုလ်မှ ပါမောက္ခ ရှီယိ ၏ ပြောကြားချက်အရ ယခုကဲ့သို့ ဖော်ဆောင်နိုင်မှုသည် တရုတ်နိုင်ငံအနေဖြင့် အခြေခံ နှစ်ဖက်မြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဦးဆောင်နေရုံသာမက လုပ်ငန်းကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အမြောက်အမြား ထုတ်လုပ်နိုင်မည့် လမ်းစကိုပါ တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြသနေသည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
