Wednesday, June 17, 2026

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...

နိုင်ငံတကာပါလီမန်ဆက်ဆံရေး မြှင့်တင်ရေး AIPA နှင့်...

နိုင်ငံတကာပါလီမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (IPU) တို့ကို ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့...
HomeMoviesငြိမ်းချမ်းရေးအတွက် ပထမဆုံးလာရောက်ဆွေးနွေးသည့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့

ငြိမ်းချမ်းရေးအတွက် ပထမဆုံးလာရောက်ဆွေးနွေးသည့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့

နိုင်ငံတော်အစိုးရနှင့်အတူလက်တွဲပြီး ပြည်ထောင်စုအဝန်းအဝိုင်းအတွင်း အေးအတူပူအမျှနေထိုင်ရေးကိုဆွေးနွေး

ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ဧပြီ ၂၁ ရက်ကကမ်းလှမ်းဖိတ်ခေါ်ထားမှုအရ ငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ ဇွန် ၄ ရက်ကတွေ့ဆုံဆွေး နွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့သည် ဒေသတည်ငြိမ်ရေးကို တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်နေပြီး ဒေသနေပြည်သူများ၏ လုံခြုံရေးကိုဆောင်ရွက်နေခြင်းကိုသိရသည်ဟု ပြောသည်။

ထို့ပြင် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့အနေဖြင့် နိုင်ငံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်မည်များကို ပွင့်ပွင့်လင်းလင်းဆွေး နွေးပေးစေလိုကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို နှစ်ဖက်ညှိနှိုင်းပြီးလိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထို့အတူ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ဒု- ဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ ဆက်လက်၍ နယ်မြေဖွံ့ဖြိုးရေးအတွက်လည်း တပ်မတော်နှင့်အတူပူးပေါင်းပါဝင်မည်ဟု ပြောသည်။

ထို့နောက် နှစ်ဖက်အဖွဲ့ဝင်များသည် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အ ခြေအနေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်)တိုင်းရင်းသားများနေထိုင်မှုနှင့် ဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိလိုမှု၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရာ၌ ကြုံတွေ့ရသောလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နိုင်ငံတော်အစိုးရနှင့် အတူလက်တွဲပြီး ပြည်ထောင်စုအဝန်းအဝိုင်းအတွင်း အေးအတူပူအမျှနေထိုင်ရေး၊ ယာယီနေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်)လူမျိုးများ၏ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်အရ လူ မျိုးအမည်အသုံးအနှုန်း၊ ဒေသအသိအမှတ်ပြုလိုမှုတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့တင် ပြဆောင်ရွက်နိုင်မည့်အခြေအနေများကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်း ရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်က ဆွေးနွေးချက်များမှ ရှေ့ဆက်လက်ဆောင်ရွက်သွားနိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော် CRCC သို့ နိုင်ငံတော်သမ္မတ သွားရောက်လေ့လာ

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ CRCC သည် ၁၉၄၈ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ Railway Corps အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ထိပ်တန်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများအနက် တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် CRCC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071