Thursday, June 4, 2026

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၄ ရက်တွင် အမိန့်အမှတ် ၅၆/၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဒေါ်နှင်းကေသီဝင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊...

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင်...

အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်...

မကွေး-တောင်တွင်းကြီး ၁၃၂ ကေဗွီဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း...

မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မေ ၂၂...

ရန်ကုန်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို Viber မှတစ်ဆင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို ပြည်သူများအနေဖြင့် Viber မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။ တိုင်ကြားလိုသူများအနေဖြင့်...
HomeMoviesငမိုးရိပ်တမံ နွေစပါးရေပေးဝေမှု ပြီးဆုံး၊...

ငမိုးရိပ်တမံ နွေစပါးရေပေးဝေမှု ပြီးဆုံး၊ မိုးများနိုင်သော်လည်း တမံရေလက်ကျန်နည်းသဖြင့် စိုးရိမ်စရာမရှိဟု အသိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှောင်တမံမှ ၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရေးအတွက် ရေပေးဝေမှုလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်သဖြင့် မေ ၁၅ ရက်မှစတင်ကာ ပြည်သူများအတွက် သောက်သုံးရေကိုသာ ဆက်လက်ပေးဝေလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

နွေစပါးစိုက်ပျိုးရေပေးဝေမှု ရပ်နားလိုက်ပြီဖြစ်သော်လည်း လာမည့်မိုးရာသီအတွင်း ရေကြီးရေလျှံမှုအန္တရာယ် လျော့နည်းစေရေးနှင့် အနာဂတ် ရေပေးဝေရာသီများတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် လိုအပ်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း အယ်လ်နီညို (El Niño) ဖြစ်စဉ်၏ သက်ရောက်မှုများကြောင့် အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ရေရှားမှုများ ကြုံတွေ့ရနိုင်သဖြင့် သက်ဆိုင်ရာဌာနများက အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်းလည်း သိရသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ၂၀၂၃ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးတွင် စံချိန်တင် မိုးရေချိန် ၁၂၅ လက်မကျော် ရွာသွန်းခဲ့သည့် ဖြစ်စဉ်ကဲ့သို့ ရာသီဥတုဆိုင်ရာ ထူးခြားပြောင်းလဲမှုများကို သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်းလည်း တာဝန်ရှိသူများက ထောက်ပြထားသည်။

လက်ရှိရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြားနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များ ထွက်ပေါ်နေသော်လည်း ငမိုးရိပ်ရေလှောင်တမံ၏ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း အသိပေးထားသည်။

ထို့ပြင် လက်ရှိအချိန်တွင် တမံအတွင်း ရေလက်ကျန်ပမာဏ နည်းပါးနေသဖြင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်လာခဲ့သော်လည်း ရေထိန်းသိမ်းနိုင်စွမ်း လုံလောက်မှုရှိကြောင်းနှင့် တမံလုံခြုံရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုများကိုလည်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၄ ရက်တွင် အမိန့်အမှတ် ၅၆/၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဒေါ်နှင်းကေသီဝင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်း(သို့)ပြည်နယ်အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ(ဃ)တို့အရခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင် နေရာကွက်၍ မိုးကြီးနိုင်

အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်သည်။ မိုးလေဝသခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့်...

မကွေး-တောင်တွင်းကြီး ၁၃၂ ကေဗွီဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ၁၀ ရက်အတွင်း ၁၂ ရာခိုင်နှုန်းကျော် ပြီးစီး

မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မေ ၂၂ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ မေ ၃၁ ရက်အထိ ၁၀ ရက်အတွင်း လုပ်ငန်းတိုးတက်မှု ၁၂ ဒသမ ၇၉ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုးသည် လက်ရှိအသုံးပြုနေသည့် ကြိုးများထက် ဝန်အား နှစ်ဆကျော် သယ်ဆောင်နိုင်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံများမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071