Thursday, June 4, 2026

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၄ ရက်တွင် အမိန့်အမှတ် ၅၆/၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဒေါ်နှင်းကေသီဝင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊...

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင်...

အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်...

မကွေး-တောင်တွင်းကြီး ၁၃၂ ကေဗွီဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း...

မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မေ ၂၂...

ရန်ကုန်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို Viber မှတစ်ဆင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို ပြည်သူများအနေဖြင့် Viber မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။ တိုင်ကြားလိုသူများအနေဖြင့်...
HomeMoviesစကုမြို့ရှိ စက်မှု၊ စိုက်ပျိုး၊...

စကုမြို့ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူ ၂၀၈ ဦး တက်ရောက်ပညာသင်ကြား

မကွေးတိုင်းဒေသကြီး၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူ စုစုပေါင်း ၂၀၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်း၏ ပထမနှစ် Grade-10 တွင် စက်မှုဘာသာရပ် ၂၇ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၇ ဦးနှင့် မွေးမြူရေးဘာသာရပ် ၃ ဦး တက်ရောက်လျက်ရှိသည်။ ဒုတိယနှစ် Grade-11 တွင် စက်မှုဘာသာရပ် ၄၆ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၂၅ ဦးနှင့် မွေးမြူရေးဘာသာရပ် ၁၃ ဦး တက်ရောက်လျက်ရှိပြီး တတိယနှစ် Grade-12 တွင် စက်မှုဘာသာရပ် ၄၉ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၂၂ ဦးနှင့် မွေးမြူရေးဘာသာရပ် ၇ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး မေဂျာဘာသာရပ်များအပြင် အခြေခံပညာသင်ရိုးများကိုလည်း သင်ကြားပေးလျက်ရှိသည်။

အဆိုပါကျောင်းများတွင် သုံးနှစ်တာကာလအတွင်း စာတွေ့နှင့် လက်တွေ့ပေါင်းစပ်သင်ကြားမှုစနစ်ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြုကာ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်နည်းပြ ဆရာ၊ ဆရာမများက စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျောင်းပြီးဆုံးအောင်မြင်သည့် ကျောင်းသား/သူများအနေဖြင့် သတ်မှတ်ထားသည့် တက္ကသိုလ်နှင့် ကောလိပ်များသို့ ဆက်လက်တက်ရောက်ပညာသင်ကြားနိုင်မည့်အပြင် သက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၄ ရက်တွင် အမိန့်အမှတ် ၅၆/၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဒေါ်နှင်းကေသီဝင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်း(သို့)ပြည်နယ်အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ(ဃ)တို့အရခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင် နေရာကွက်၍ မိုးကြီးနိုင်

အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်သည်။ မိုးလေဝသခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့်...

မကွေး-တောင်တွင်းကြီး ၁၃၂ ကေဗွီဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ၁၀ ရက်အတွင်း ၁၂ ရာခိုင်နှုန်းကျော် ပြီးစီး

မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မေ ၂၂ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ မေ ၃၁ ရက်အထိ ၁၀ ရက်အတွင်း လုပ်ငန်းတိုးတက်မှု ၁၂ ဒသမ ၇၉ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုးသည် လက်ရှိအသုံးပြုနေသည့် ကြိုးများထက် ဝန်အား နှစ်ဆကျော် သယ်ဆောင်နိုင်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံများမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071