တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့၌ ကြယ်ပွင့်ပြမေးခွန်း၆ ခု မေးမြန်းဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးအနက် ၃၄၉ ဦး တက်ရောက်ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၆ ခုကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာကဏ္ဍများမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့အပြင် လယ်ယာ၊ကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေများမှ ထွက်ရှိသည့် ထွက်ကုန်သီးနှံဈေးနှုန်းများထိန်းညှိနိုင်ရေးအတွက် ကော်မရှင်တစ်ရပ်ဖွဲ့စည်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။
ထို့နောက် အစိုးရမဟုတ်သော ပြည်တွင်းနှင့် ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကာ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
