ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသန်းစိုးက တက်ရောက်ခဲ့ကြောင်း သိရသည်။
မဲပေးစက်များသည် ရွေးကောက်ပွဲအတွက် အရေးကြီးသည့် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်သည့်အတွက် ထားသိုထိန်းသိမ်းရာတွင် လုံခြုံမှုရှိရန်၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ပျ-က်စီးထိခိုက်မှုမဖြစ်အောင် စနစ်တကျထားသိုထိန်းသိမ်းကြရန်၊ ခြောက်လတစ်ကြိမ် စဉ်ဆက်မပြတ် ပုံမှန်စစ်ဆေးခြင်းများကို အလေးထားဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောသည်။
အဆိုပါသင်တန်းကို ကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးရှိ ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်များနှင့် စပ်လျဉ်း၍ ကျွမ်းကျင်မှုရှိစေရန်နှင့် မဲပေးစက်စစ်ဆေးပြုပြင်ထိန်းသိမ်းမှုများကို ကိုယ်တိုင်စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း အသုံးပြုနိုင်ရန်အတွက် စုစုပေါင်း (MEVM) စက်အလုံးရေ ၅၅,၀၀၀ (ငါးသောင်းခွဲ) နီးပါး ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
