Tuesday, June 2, 2026

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...

မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်၊

ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး​​မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ...

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ရေနှင့်စားသုံးဆီကဲ့သို့ ထိန်းချုပ်အစားအသောက်များအား အထူးဂရုပြုစစ်ဆေးကြရန် အသိပေး ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေ ၂၇ ရက် နေ့လယ် ၁...

သမ္မတဦးမင်းအောင်လှိုင်နှင့်မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့  သွားရောက်ကြည့်ရှုနေသည့် မွန်ဘိုင်းရှိ...

အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းJNP Port ဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးသော ကွန်တိန်နာအခြေပြု ပင်လယ်ရေကြောင်းဆိပ်ကမ်း (Largest Container Port) ဖြစ်ပြီး နိုင်ငံတွင်း...
HomeMoviesအကြားအာရုံချို့ယွင်းအားနည်းသည့် ကလေးများအား လည်း...

အကြားအာရုံချို့ယွင်းအားနည်းသည့် ကလေးများအား လည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ

နားမကြားသော ကလေးများကျောင်း (ရန်ကုန်) တွင် အကြားအာရုံချို့ယွင်းအားနည်းသည့် ကလေးများအား လည်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

နားမကြားသော ကလေးများကျောင်း (ရန်ကုန်)သည်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်၌ ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိနေခြင်းလည်း ဖြစ်သည်။

ထိုကဲ့သို့ အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးရာတွင် လာ‌ရောက်အပ်နှံကြသည့် ကျောင်းသား/သူများအနေဖြင့် အကြားအာရုံချို့ယွင်းအားနည်းသူ ဖြစ်ရမည်ဖြစ်ပြီး အသက်အားဖြင့် အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူဖြစ်ရမည်ဖြစ်သည်။

ထို့အတူ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်ဖြစ်ကြောင်း၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်ဖြစ်သည်။

အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည်ဖြစ်ကာ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေး လျှောက်ထားနိုင်သည်ဖြစ်ပြီး ကျောင်းအပ်နှံပါက မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်သည်။

ကျောင်းအပ်နှံရာတွင်လည်း မိဘ (သို့မဟုတ်) အုပ်ထိန်းသူများအနေဖြင့် ကလေး၏ ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံ ၊ မွေးစာရင်းမူရင်းနှင့် မိတ္တူ၊ မိဘနှစ်ဦးမှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာန၏ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်နှင့် အကြားအာရုံချို့ယွင်းမှုတိုင်းတာစစ်ဆေးပြီးသည့် နားကြားနှုန်း (Audiograph dB) စာရွက်စာတမ်းတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံမည့်သူများအနေဖြင့် လှူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း၊ အမှတ်-၃၄၊ F, G၊ အိုးစု (၃) လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်သည်။

ထို့အပြင် စာပေပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်တက်ရောက်ခွင့်ရရှိပါက သွားလာရေးခက်ခဲသောဒေသများမှ နားမကြားသော ကျောင်းသား/သူများအတွက် စားသောက်နေထိုင်ရေးကို နိုင်ငံတော်က တာဝန်ယူမည်ဖြစ်ပြီး ကျောင်းဝင်ကြေးနှင့် ကျောင်းလခပေးရန်မလိုအပ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဒုတိယဆုငွေတံဆိပ် ဆွတ်ခူး

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner- up) ကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ​အဆိုပါပြိုင်ပွဲကို မေလ (၂၇)ရက်မှ (၃၀) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာသည် (၃၂)ဦးအဆင့်မှ စတင်ကာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည်​(၃၂) ဦးအဆင့် နှင့် (၁၆) ဦးအဆင့်အတွင်း တရုတ်တိုင်ပေကစားသမားကိုနှစ်ပွဲပြတ်ရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ထို့နောက်​ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယကစားသမားကို (၂၁-၁၅၊ ၂၁-၁၅) ဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ​ဆီမီးဖိုင်နယ်အဆင့်တွင်...

မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်၊

ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး​​မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့ သတိပေးထုတ်ပြန်ထား သည်။ ​လက်ရှိအခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်နေရာအ များစု၌ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကြောင်း သတိပေးထားသည်။ ရန်ကုန်- တနင်္သာရီကမ်းရိုးတန်းအခြေ အနေမှာ မိုးကြီးနိုင်ကာ ​လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၀) မိုင်မှ (၁၅) မိုင်အထိ ရှိနိုင်ပြီး လေပြင်းတိုက်ခတ်ချိန်တွင် မိုင်...

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ရေနှင့်စားသုံးဆီကဲ့သို့ ထိန်းချုပ်အစားအသောက်များအား အထူးဂရုပြုစစ်ဆေးကြရန် အသိပေး ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မေ ၂၇ ရက် နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက မိမိတို့ဒေသအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းအစီအမံများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က လိုအပ်ချက်များအား ဖြည့်ဆည်းပံ့ပိုးပေးခဲ့ပြီး ဒေသဆိုင်ရာတာဝန်ခံများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071