Tuesday, June 2, 2026

ပထမဆုံးအဖွင့်ပွဲစဥ်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်...

မနက်ဖြန် ဇွန် ၃ ရက်နေ့ ညနေပိုင်း၌ သုဝဏ္ဏကွင်းအတွင်း ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ AYA Tri Nations Cup 2026...

ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲသစ် ဇွန်လ ၈...

ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲတစ်ခုကို လာမည့် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများအတွက် ဝန်ဆောင်မှုများ ပိုမိုမြန်ဆန်ချောမွေ့စေရန်...

ကော့ကရိတ်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း (၁၇၃)ကျောင်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ ကော့ကရိတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်တွင် ကျောင်းပေါင်း (၁၇၃)ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အတူ ယနေ့...

ကော့ကရိတ်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း (၁၇၃)ကျောင်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ ကော့ကရိတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်တွင် ကျောင်းပေါင်း (၁၇၃)ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အတူ ယနေ့...
HomeNewsLocal Newsဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား...

ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန် ဆောင်ရွက်စေလိုကြောင်း ဒုဝန်ကြီး ပြော

ဂုတ်ထိပ် တံတားကြီး၏ ရှုခင်းကြည့်ရထားခရီးစဉ်အား ခရီးသွားများ ပိုမိုသိရှိနိုင်ရန်၊ ဧည့်သည်များပိုမိုလာရောက်လည်ပတ်နိုင်ရန် ဖြစ်နိုင်သမျှ ဘက်ပေါင်းစုံ/နည်းလမ်း ပေါင်းစုံဖြင့်ကြော်ငြာပေးရန် လိုအပ်ကြောင်း ဟိုတယ်၊
ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး က ပြောသည်။

ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် ခရီးစဉ်တစ်လျှောက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် အမှိုက်ကင်းစင် နေရာတစ်ခုဖြစ်အောင်ဆောင်ရွက်ကြပြီး ရထားလမ်းကြံ့ခိုင်မှုရှိမရှိ အစဉ်အမြဲစစ်ဆေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းအောင်ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

နှစ်ပေါင်း (၁၂၀) ကျော် သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင် ဂုတ်ထိပ်တံတားကြီးသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲကြား၊ မန္တလေး-လားရှိး ရထားလမ်းပေါ်ရှိနောင်ချိုဘူတာအလွန် ခုနစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။

ဂုတ်ထိပ်တံတားကြီးသည် အခြားရထားလမ်းများတွင် အသုံးပြုသော တံတားများကဲ့သို မြစ်ချောင်းများကိုဖြတ်ကျော်တည်ဆောက်ထားခြင်းမျိုးမဟုတ်ဘဲ မီးရထားမိုင်တိုင်အမှတ် (၄၆၃/၀-၉) တွင်ရှိသော ကျောက်ဂူကြီးအပေါ်သိုဖြတ်၍ တောင်ထိပ် ၂ ခုကို ဆက်သွယ်တည်ဆောက်ထားခြင်းလည်း ဖြစ်သည်။

ဂုတ်ထိပ်တံတားကြီးကို လန်ဒန်မြိုရှိ Sir A.M.R Rendel & Co., ကုမ္ပဏီက ပုံစံရေးဆွဲခဲ့ပြီး အမေရိကန် ပြည်ထောင်စု Pennsylvania & Maryland Bridge and Construction Co., ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့သည်။

တည်ဆောက်မှုများကို ၁၈၉၉ ခုနှစ်အတွင်း စတင်ခဲ့ကာ ၁၉ဝဝ ပြည့်နှစ်တွင် ပြီးစီးခဲ့ပြီး တံတားကြီးကို ၁၂၀ ပေ ခန်းဖွင့် (၁၀) ခု၊ ၆၀ ပေ ခန်းဖွင့် (၇) ခု၊ ၄၀ ပေ ခန်းဖွင့် (၁၆) ခုနှင့် သံမဏိတိုင် (၁၆) တိုင်တို့ဖြင့် တည်ဆောက်ထားသည်။

အမြင့်ဆုံးတိုင်မှာ ၃၂၀ ပေ မြင့်ပြီး အနိမ့်ဆုံးတိုင်မှာ ၄၅ ပေ မြင့်ပြီး တံတားအရှည်သည် ၂၂၆၀ ပေရှိ၍ သံမဏိပေါင်များ အသုံးပြုထားသော Steel Trestle Bridge ဖြစ်ကာ အဆိုပါတံတားကို တည်ဆောက်ရန် သံမဏိတန်ချိန် ၄,၃၁၁ တန်နှင့် သံမှို ၁ သန်းကို သုံးစွဲထားကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမဆုံးအဖွင့်ပွဲစဥ်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် သစ် Mr. Mitsuo Katoh ပြော

မနက်ဖြန် ဇွန် ၃ ရက်နေ့ ညနေပိုင်း၌ သုဝဏ္ဏကွင်းအတွင်း ကျင်းပမည့် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ AYA Tri Nations Cup 2026 အဖွင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်သစ် Mr. Mitsuo Katoh ပြောကြားသည်။ယနေ့ ကျင်းပပြုလုပ်သည့် ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်း ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကာ ၊ အသင်းအား ရောက်ရှိသည်မှာ (၁၀)ရက်ဝန်းကျင်သာရှိ‌သေးသော်လည်း ၎င်း၏ ယုံကြည်ချက်ကို ဖွင့်ဟ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ "အခုအချိန်မှာ ကစားသမားတိုင်းဟာ ကျွန်တော့်ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ လို လားချက်တွေကို...

ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲသစ် ဇွန်လ ၈ ရက်၌ စတင်ဖွင့်လှစ်မည်

ရန်ကုန်မြို့၊ ထောက်ကြန့်တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးရုံးခွဲတစ်ခုကို လာမည့် ဇွန်လ ၈ ရက်နေ့မှ စတင်ကာ တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများအတွက် ဝန်ဆောင်မှုများ ပိုမိုမြန်ဆန်ချောမွေ့စေရန် ရည်ရွယ်၍ ထိုသို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) ၌ Online Booking စနစ်ဖြင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယခုအခါ လာရောက်ဖြေဆိုသူ ဦးရေ အဆမတန် များပြားလာသည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ပြည်သူများ အချိန်ကုန်သက်သာစေရန် ယခုကဲ့သို့ ရုံးခွဲသစ်ကို တိုးချဲ့ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အတွက်...

ကော့ကရိတ်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း (၁၇၃)ကျောင်းဖွင့်လှစ်

ရန်ကုန်တိုင်း၊ ကော့ကရိတ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်တွင် ကျောင်းပေါင်း (၁၇၃)ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အတူ ယနေ့ ဇွန် ၂ ရက်တွင်လည်း ကျောင်းအပ်နှံသည့် ကျောင်းသား/သူ(၁၉,၈၉၇)ဦးအနက် ကျောင်းသား/သူ(၁၉,၇၆၀)ဦးရှိခဲ့ကာ အခြေခံပညာစာသင်ကျောင်း (၁၅)ကျောင်းကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် သက် ဆိုင်ရာဌာနသို့တင်ပြထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071