မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၁၅၈) ကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမဆုံးစတင်ဖွင့်လှစ်သည့် ဇွန် ၁ ရက်၌ ကျောင်းသား/သူ (၁၅,၀၀၀) ဦးခန့် စတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း၌ အခြေခံပညာကျောင်း (၁၄၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၃) ကျောင်းတွင် ဇွန် ၁ ရက်အထိ ကျောင်းသား/သူ (၂၈,၁၅၉) ဦး အပ်နှံခဲ့ကြပြီး ပထမဆုံးကျောင်းဖွင့်သည့်နေ့တွင် ကျောင်းသား/သူ (၁၄,၀၇၃) ဦး စတင်တက်ရောက်ခဲ့ကြောင်း သိရသည်။
