Monday, June 1, 2026

​ပင်လောင်းမြို့နယ် ငလျင်ဘေးသင့်အိမ် ထောင်စု (၃၈၀)ကျော်ကို...

​အဆိုပါထောက်ပံ့မှုကို မေလ (၂၈) ရက်မှ (၃၀) ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်လောင်းမြို့နယ်ရှိကျေးရွာပေါင်း (၄၃)  ရွာနှင့် ရပ်ကွက် (၂) ခုမှ...

ရက် (၁၀၀) ကာလ “လမင်းစီမံချက်”...

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) ကာလအတွင်း “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေရာ ရန်ကုန်တိုင်း၊ သာကေတမြို့ရှိအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား...

မြဝတီခရိုင်၌ ယခုပညာသင်နှစ်တွင် စာသင်ကျောင်း (၈၆)ကျောင်းဖွင့်လှစ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ ယနေ့ ဇွန် ၁ ရက်ကစ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စာသင် ကျောင်း(၈၆)ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အခြေခံပညာကျောင်း(၇၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E....

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmuတို့သည် ယနေ့ ဇွန် ၁ ရက်တွင်...
HomeMovies​ရန်ကုန်ဆေးရုံကြီးတွင် လူနာတင်ယာဉ်အခက်အခဲများဖြေရှင်းနိုင်ရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့်ပရဟိတအဖွဲ့များ ...

​ရန်ကုန်ဆေးရုံကြီးတွင် လူနာတင်ယာဉ်အခက်အခဲများဖြေရှင်းနိုင်ရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်များနှင့်ပရဟိတအဖွဲ့များ  တွေ့ဆုံဆွေးနွေး​​

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာရှင်များ ဆေးရုံဆင်းချိန်နှင့် ရုပ်အလောင်း (Dead Body)များသယ်ဆောင်ရာ၌ ကြုံ တွေ့နေရသည့် အခက်အခဲများအပါအ ဝင် လူနာတင်ယာဉ် အမည်ခံကာ အဆ မတန် ငွေကြေးတောင်းခံနေမှုများကို ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ တာ ဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားများနှင့်ပရဟိတအသင်းအဖွဲ့များ ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် လူနာရှင်များ ဆေးရုံဆင်းချိန်နှင့် ရုပ်အလောင်းများ သယ်ဆောင်ရာ တွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ​ငွေကြေးခေါင်းပုံဖြတ်မှု တိုက်ဖျက်ရေး အစီအစဉ်အရ ပရဟိတ လူနာ တင်ယာဉ်အမည်ခံကာ လူနာရှင်များထံမှ အဆမတန် ငွေကြေးတောင်းခံနေမှုများကို ဟန့်တားနိုင်ရန် ညှိနှိုင်းခဲ့ကြသည်။

အလားတူ လူနာရှင်များ အခက်အခဲမရှိ တိုက်ရိုက်ခေါ်ဆိုနိုင်ရန်အတွက် စနစ်တ ကျ မှတ်ပုံတင်ထားသော လူနာတင်ယာဉ် (Ambulance) နှင့် ရုပ်အလောင်းတင်ယာဉ် (DB Carrier) ဖုန်းနံပါတ်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးထားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။​

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူ၊ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုး တို့အပြင် လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့၊ ရန်ကုန်ဆေးရုံကြီးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။​

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကြသည့် လူနာရှင်များအနေဖြင့် လူနာ တင်ယာဉ်ငှားရမ်းရာတွင် လိမ်လည်လှည့်ဖြားခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းများမှ ကင်းဝေးစေရန် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းတာဝန်ခံ မရွှေလဲ့က အသိပေးထားသည်။
ဓာတ်ပုံ-မရွှေလဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​ပင်လောင်းမြို့နယ် ငလျင်ဘေးသင့်အိမ် ထောင်စု (၃၈၀)ကျော်ကို ကြက်ခြေနီ အသင်းက ထောက်ပံ့ပစ္စည်းများပေးအပ်​​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်အတွင်း ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအတွက် ပြန်လည်ထူထောင်ရေး အ သုံးအဆောင်ပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကကွင်းဆင်းထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။

​အဆိုပါထောက်ပံ့မှုကို မေလ (၂၈) ရက်မှ (၃၀) ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်လောင်းမြို့နယ်ရှိကျေးရွာပေါင်း (၄၃)  ရွာနှင့် ရပ်ကွက် (၂) ခုမှ အိမ်ထောင်စုပေါင်း (၃၈၅) စုထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ​ထောက်ပံ့ပေးအပ်ခဲ့သည့် ပစ္စည်းများမှာ​တစ်ကိုယ်ရည်သန့်ရှင်းရေးအမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း (၃၆၉) စုံ၊ အမျိုး သားနှင့် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၇၀၀ )ကျော်၊​ စောင်၊ ခြင်ထောင်၊ ဖျာ၊ အနွေးထည်၊ ဆိုလာမီး အိမ်နှင့် သောက်ရေထည့်ပုံးများ၊ အိမ် ဆောက်အထောက်အကူပြုပစ္စည်း (၃၈၅) စုံ၊ တာပေါ်လင်စ (၃၈၅)...

ရက် (၁၀၀) ကာလ “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) ကာလအတွင်း “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်။ ထိုသို့ဆောင်ရွက်နေရာ ရန်ကုန်တိုင်း၊ သာကေတမြို့ရှိအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်ဆိုင်ရာ Unique ID (UID) ကတ်များ One Stop Service စနစ်ဖြင့် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေသည်။ ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်...

မြဝတီခရိုင်၌ ယခုပညာသင်နှစ်တွင် စာသင်ကျောင်း (၈၆)ကျောင်းဖွင့်လှစ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ ယနေ့ ဇွန် ၁ ရက်ကစ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စာသင် ကျောင်း(၈၆)ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အခြေခံပညာကျောင်း(၇၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း၊ ပုဂ္ဂလိကပညာသင်ကျောင်း(၇)ကျောင်း(စုစုပေါင်း ၈၆ ကျောင်း)ကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းဖွင့်လှစ်သည့် ပထမနေ့တွင် ကျောင်းသား/သူများ အေးချမ်းစွာပညာတက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။ ထိုသို့ သင်ကြားနေမှုများကို တာဝန်ရှိသူများကကြည့်ရှုအားပေး၍ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ မြဝတီခရိုင်အတွင်း၌ အခြေခံပညာကျောင်း(၁၀၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း၊ ပုဂ္ဂလိကပညာသင်ကျောင်း (၇) ကျောင်း(စုစုပေါင်း ၁၁၇ ကျောင်း)ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071