Monday, June 15, 2026

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက်...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉)...

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း...

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့်...

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင်...

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူကို ဧရာဝတီအသင်း ခေါ်ယူ

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ရာသီအတွက် ဧရာဝတီအမျိုးသမီးအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးမေထက်လူကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ တိုက်စစ်မှူး မေထက်လူအတွက်မူ ယခုအပြောင်းအရွှေ့သည် သူမအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက်ပိုင်း...
HomeMoviesမြန်မာ-ရုရှားနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာ...

မြန်မာ-ရုရှားနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာ နားလည်မှုစာချွန်လွှာ(၂)စောင်လက်မှတ်ထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင် ရာ နားလည်မှုစာချွန်လွှာ(၂)စောင်ကို အမျိုးသားလုံခြုံ ရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့် ရု ရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးတို့၏ရှေ့မှောက်၌ နှစ်ဖက်တာဝန်ရှိသူများကလက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံကြား “ပူးတွဲသတင်းအချက်အ လက်လုံခြုံရေးစင်တာတည်ထောင်ခြင်းဆိုင်ရာ နား လည်မှုစာချွန်လွှာ”နှင့် “မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်လုံ ခြုံရေးကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်မည့် အကောင် အထည်ဖော်ဆောင်ရွက်မှုအစီအစဉ် ၂၀၂၆-၂၀၂၉”တို့ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ နားလည်မှုစာချွန်လွှာများကို ပြည်ထောင်စုဝန် ကြီးဦးတင်အောင်စန်း၏ ရုရှားနိုင်ငံ၊ လုံခြုံရေးကောင် စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင် မေ ၂၆ ရက်မှ မေ ၃၁ ရက်အထိကျင်းပသော ပထမအကြိမ် နိုင်ငံတကာလုံခြုံရေးဖိုရမ်နှင့် ဆဋ္ဌမအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင် ရာအဆင့်မြင့်ကိုယ်စားလှယ်များဆွေးနွေးပွဲ၊ (၁၄)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးကိ စ္စရပ်များဆိုင်ရာ အ ဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကာလအ တွင်း၌ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးများ၌ မိန့်ခွန်းများပြောကြားခဲ့ပြီး  ဆဋ္ဌမအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်များ ဆွေး နွေးပွဲတွင် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စ တာ ဆာဂေးရွှိုင်းဂူနှင့်အတူ ပူးတွဲသဘာပတိအဖြစ်လည်းဆောင်ရွက်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားသမ္မတ၏ လက်ထောက်နှင့် ရေကြောင်းကော်မတီဥက္ကဋ္ဌ မစ္စတာ နီကိုလိုင်ပတ်ထရူးရှဗ်၊ ရုရှားလုံခြုံရေးကောင်စီအတွင်း ရေးမှူး မစ္စတာဆာဂေးရွှိုင်းဂူ၊ ဘယ်လာရုစ်နိုင်ငံ အ မျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ အ လက်ဇန္ဒားဗိုလ်ဖိုဗစ်ချ်၊ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံ ရေးကောင်စီအတွင်းရေးမှူးချုပ် မစ္စတာ ချတ်ချိုင်းဘန်ချူရဒ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ ရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင်အတွင်းရေးမှူး မစ္စတာ ချန်းဝန်ကျင်း၊ အိန္ဒိယနိုင်ငံ အ မျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာ အာဂျစ်ဒိုဗယ်တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ သတင်းအချက်အလက်အပြန်အလှန်မျှ ဝေခြင်းဆိုင်ရာများ၊ နည်းပညာမျှဝေခြင်းဆိုင်ရာများအပါအဝင် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့အတူ ခင်းကျင်းပြသထားသည့် စစ်ဘက်နှင့် လုံခြုံ ရေးဆိုင်ရာပစ္စည်းထုတ်ကုန်ပြခန်းများ၊ ဆေးဘက်ဆိုင် ရာပြခန်းများ၊ ခေတ်မီနည်းပညာပြခန်းများအားကြည့် ရှုလေ့လာခြင်း၊ ရုရှားဇဗျဲဘဏ်ကိုလေ့လာ၍ တာဝန်ရှိသူများနှင့် ဆွေးနွေးခြင်း၊ မော်စကိုမြို့ရှိ Shooting Range of the Kalash-nikov Concern ၊ ရုရှားနိုင်ငံ Rostec အဆင့်မြင့်နည်းပညာကုမ္ပဏီ၊ ကင်ဆာရောဂါဆိုင်ရာကုသမှုများဆောင်ရွက်သည့် National Medical Research Radiological Center တို့ကိုကြည့်ရှုလေ့ လာကာ မော်စကိုဒေသရှိ Patriot Park ပန်းခြံတွင် ဒုတိ ယကမ္ဘာစစ်အတွင်းကတိုက်ပွဲဝင်ခဲ့သည့် “မြန်မာ့စစ် သည်တော်မဟာမိတ်များ”အထိမ်းအမှတ်ရုပ်တု၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ပန်းခွေချဂုဏ်ပြုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပေကျင်း၌ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ရှိ Capital International Airport တွင် တရုတ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉) စုအား ဆန်အိတ် ၂၀၀ ထောက်ပံ့

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း (၉) ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ပိုင်မြေဧရိယာအတွင်း ဖွင့်လှစ်ထားသည့် ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူက မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်...

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ လွှတ်တော်တွင် မေးမြန်း

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမနေ့တွင် မေးမြန်းခဲ့ကြောင်း သိရသည်။ “ရပ်ကွက်ကျေးရွာတွေမှာ လိုင်စင်မဲ့ ယစ်မျိုးဆိုင်များ၊ မိတ္တုပွားဆိုင်များ ဖွင့်လှစ်ရောင်းချနေကြောင်း ကြားသိမြင်တွေ့နေရပါတယ်။ တာဝန်ရှိသူများ စိစစ်အရေးယူမှုများ ဆောင်ရွက်နေပေမယ့် ထိရောက်စွာ ဆောင်ရွက်နေမှု အားနည်းတာကိုတွေ့ရပါတယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ယစ်မျိုးလိုင်စင် ၉၇၀၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071