Home News Local News သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်

သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်

0
69

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဇိနမာန်အောင်စေတီတော်မြတ်ကြီးကို မေ ၃၀ ရက်နံနက်ပိုင်းက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ရာ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီတော်မြတ်ကြီးအား လက်ယာရစ်ပင့်ဆောင်၍ မင်္ဂလာရထားပျံဖြင့်တင်လှူကာ စေတီတော်အထွတ်တွင် တပ်ဆင်ပူဇော်ခဲ့ကြသည်။

ထို့နောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူခဲ့ကြသည်။

Photo- Ko Aung Myint

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here