Sunday, May 31, 2026

ချမ်းအေးသာစံမြို့နယ်၌ အဆောက်အအုံတစ်ခုတွင် မိနစ်အနည်းငယ်ခန့်ကြာ မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆောက်အအုံတစ်ခုတွင် ယနေ့ မေ ၃၁ ရက်နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က မိနစ်အနည်းငယ်ခန့်ကြာသည့် မီးလေ-ာင်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ချမ်းအေးသာစံမြို့နယ်၊...

ရန်ကုန်မြို့က ဘား၊ ကလပ်၊ ကေတီဗွီများ...

ရန်ကုန်မြို့တွင်း၌ ရှိသည့် ကေတီဗီ(KTV)၊ ဘားနှင့် ကလပ်များကို ယခု မေလကုန်ပိုင်းကစပြီး ည (၁၁) နာရီနောက်ဆုံးထား ပိတ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ “အချိန်သတ်မှတ်ပြီး ဖွင့်ဖို့...

ကမ္ဘာ့အကျပ်အတည်းအရေး ရှန်ဂရီလာဒိုင်ယာလော့ဂ်၌ တူလမ် သတိပေး

ကမ္ဘာကြီးသည် နိုင်ငံများက ရင်ဆိုင်ရမည့် အန္တရာယ်များစွာနှင့် မရေရာမှုများ ဝန်ရံနေကြောင်း သောကြာနေ့က အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သော ရှန်ဂရီလာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် သမ္မတ...

ဘရာမို့စ်ဒုံးကျည်သဘောတူညီချက်အိန္ဒိယနှင့်ဗီယက်နမ်လက်မှတ်ရေးထိုး

ရုရှားနှင့် ပူးတွဲတီထွင်ခဲ့သော ဘရာမို့စ်ဒုံးကျည်များကို ဗီယက်နမ် သို့ရောင်းချပေးမည့် သဘောတူညီချက်ကို အိန္ဒိယက လက်မှတ်ရေးထိုးလိုက်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံနှင့်လည်း အလားတူသဘောတူညီချက်အတွက် နောက်ဆုံးအဆင့်များကို ရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး...
HomeMoviesပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ကုလသမဂ္ဂအဖွဲ့အစည်းများ၏...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ Ms. Gwyn Lewis အား လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား မေ ၂၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယာယီညှိနှိုင်းရေးမှူးက မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေသည်ကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းရသူများကို မိမိဒေသပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲထားပြီးဖြစ်၍ လာမည့်လွှတ်တော်အစည်းအဝေးများတွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လွှတ်တော်သည် အစိုးရနှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြည်သူများ၏လိုအပ်ချက်များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူကိုကိုယ်စားပြု၍ ပြည်သူတို့၏အခက်အခဲ ပြည်သူတို့၏ဆန္ဒများကို လွှတ်တော်မှတစ်ဆင့်အစိုးရထံပေးပို့ရပြီး အစိုးရနှင့်ပြည်သူကြား ပေါင်းကူးဆောင်ရွက်ပေးရကြောင်း၊ အဆွေတော်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များတွင် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းအေးသာစံမြို့နယ်၌ အဆောက်အအုံတစ်ခုတွင် မိနစ်အနည်းငယ်ခန့်ကြာ မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆောက်အအုံတစ်ခုတွင် ယနေ့ မေ ၃၁ ရက်နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က မိနစ်အနည်းငယ်ခန့်ကြာသည့် မီးလေ-ာင်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ အကွက်အမှတ်(၇၀၆)၊ ၇၆ လမ်း၊ ၃၂x၃၃ လမ်းကြားရှိ အဆောက်အအုံတစ်ခုတွင် မီးလေ-ာင်မှုဖြစ်ပွား၍ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ ဟေမာဇလအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။ မီးလေ-ာင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။

ရန်ကုန်မြို့က ဘား၊ ကလပ်၊ ကေတီဗွီများ ည ၁၁ နောက်ဆုံးထား ပိတ်နေ

ရန်ကုန်မြို့တွင်း၌ ရှိသည့် ကေတီဗီ(KTV)၊ ဘားနှင့် ကလပ်များကို ယခု မေလကုန်ပိုင်းကစပြီး ည (၁၁) နာရီနောက်ဆုံးထား ပိတ်ခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ “အချိန်သတ်မှတ်ပြီး ဖွင့်ဖို့ စည်ပင်နဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောတာ” ဟု အချိန်ပြောင်းလဲ သတ်မှတ်ဖွင့်လိုက်သည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိ၌ ရန်ကုန်မြို့တွင် ကလပ်အချို့သည် ညနေ ၅နာရီမှ ၁၁ နာရီထိသာ အချိန်ပြောင်းလဲ ဖွင့်လှစ်မည်ဟု ကြေညာထားကြသည်။ အလားတူ ဘားများရှိ ဖျော်ဖြေရေးတီးဝိုင်းများကိုလည်း ဆိုင်ပိတ်ချိန် ၁၁ နာရီမတိုင်ခင် ၁၀ နာရီကတည်းက တီးခတ်သီဆိုဖျော်ဖြေမှုများ ရပ်ရန်...

ကမ္ဘာ့အကျပ်အတည်းအရေး ရှန်ဂရီလာဒိုင်ယာလော့ဂ်၌ တူလမ် သတိပေး

ကမ္ဘာကြီးသည် နိုင်ငံများက ရင်ဆိုင်ရမည့် အန္တရာယ်များစွာနှင့် မရေရာမှုများ ဝန်ရံနေကြောင်း သောကြာနေ့က အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သော ရှန်ဂရီလာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် သမ္မတ တိုလမ်က ပြောကြားခဲ့သည်။ ကမ္ဘာကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် နိုင်ငံတကာနည်းဥပ‌ဒေနှင့် ဥပဒေများ ယိုယွင်းပျ-က်စီးလာခြင်း၊ တိုးတက်မှု နှေးကွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုပုံစံများ၏ အကျပ်အတည်းနှင့် နိုင်ငံများအကြား ယုံကြည်မှုဆိုင်ရာ အကျပ်အတည်းတို့ ပါဝင်သည်ဟု ၎င်း၏ အဓိကမိန့်ခွန်းတွင် သမ္မတ တူလမ်က ပြောကြားခဲ့သည်။ “ဒီနေ့ ကျွန်တော်တို့ ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အကျပ်အတည်းသုံးခုဟာ ကျွန်တော်တို့ လက်ကိုလက်ခံရမယ့် ရှောင်လွဲလို့မရတဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071