တို-က်ပွဲများကြောင့်ငါးနှစ်ကျော်ရပ်နားခဲ့သည့် စကျင်ကျောက်လုပ်ငန်းများ ပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း စကျင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသတွင်းတည်ငြိမ်မှုရရှိခဲ့ပြီးနောက်ပိုင်းမန္တလေးနှင့်မတ္တရာမြို့ ဒေသနှစ်ခုကြား၊ ကူးလူးသွားလာရေးပြန်လည် အဆင်ပြေချောမွေ့လာပြီဖြစ်သည့်အတွက် စကျင်ကျေးရွာရှိ စကျင်ကျောက်ထုတ်လုပ်လုပ်ငန်းများ ပြန်လည်အသက်ဝင်လာကြောင်း သိရသည်။
ယခင်က နှစ်ဖက်ထိတွေ့တို-က်ပွဲများ မကြာခဏဖြစ်ပွားနေသလို နယ်မြေမအေးချမ်းသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။
ယခုအခါ ယခုနှစ် သင်္ကြန်မတိုင်ခင်ကစ၍ ဒေသတွင်းတို-က်ပွဲဖြစ်ပွားမှုလျော့ကျလာသလို လမ်းပန်းဆက်သွယ်ရေးလည်း အတော်အသင့်ကောင်းမွန်လာပြီဖြစ်သည့်အတွက် စကျင်ကျောက်လုပ်ငန်းပြန်လည်အသက်ဝင်နေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ စကျင်ကျေးရွာသည်၊ စကျင်ကျောက်ထုတ်လုပ်ငန်းနှင့် ပန်းတမော့ကျောက်ဆစ်အနုပညာလုပ်ငန်းကြောင့် ထင်ရှားလူသိများသည်။
စကျင်ကျေးရွာမှထွက်ရှိသည့်စကျင်ကျောက်တုံးများအား၊ ဘုရားရုပ်ပွားဆင်းတုတော်များအတွက်အဓိ ကထုဆစ်အသုံးပြုကြပြီး၊ ပန်းအိုး အစရှိသည့် လူ့အသုံးအဆောင်ပစ္စည်းများအနေဖြင့်လည်း၊ ထုဆစ်ထုတ်လုပ်ရောင်းချကြကြောင်း သိရသည်။
