မြန်မာ-တရုတ်မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု သ ဘောတူစာချွန်လွှာများလက်မှတ်ရေးထိုးရန် ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထိန်လင်းနှင့် တရုတ်နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန် ကြားရေးဌာန၏ ဒု-အကြီးအကဲနှင့် အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားအုပ်ချုပ်မှုဆိုင်ရာဝန်ကြီး မစ္စ ချောင်ရှုမင်း တို့ဆွေးနွေးခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် မေ ၂၇ ရက်က နေပြည်တော်၌တွေ့ ဆုံ၍ နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်နိုင်ရေး၊ မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ပူးပေါင်းရိုက်ကူးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လူငယ်နှင့် နည်းပညာဆိုင်ရာကဏ္ဍ ပူးပေါင်းတီ ထွင်ဖန်တီးမှုများဖလှယ်ရေး၊ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု သဘောတူစာချွန်လွှာများလက်မှတ်ရေး ထိုးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မစ္စ ချောင်ရှုမင်းသည် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား၌ မြန်မာ-တရုတ်နှစ်နိုင်ငံ မီဒီယာပူးပေါင်းဆောင် ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ပျော်ရွှင်လေ့လာတ ရုတ်စာသင်ခန်းစာအသံသွင်းနေမှု၊ Vitual Studio တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးတေးသီချင်းရိုက်ကူးမှု၊ News Channel Studio တွင် သတင်းထုတ်လွှင့်မှု၊ Audiotorium ခန်းမတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအဖြစ် ရှမ်းပဲပုပ်သီချင်းအား မြန်မာ-တရုတ်နှစ်ဘာသာဖြင့် သီဆိုလေ့ကျင့်နေမှု၊ စိန်ရတုပြတိုက်တို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။
