Saturday, May 23, 2026

တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး သတ္ထု့တွင်း မတော်တဆမှုဖြစ်...

နေပြည်တော်လေဆိပ်အဝင်လမ်း အနာဂတ်ယာဉ်စီးရေတိုးတက်မှုနှင့်ကိုက်ညီစေရန် Master Plan...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်အတွင်း လမ်း၊ တံတားများအ ဆင့်မြှင့်တင်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတက နေပြည်တော်လေဆိပ်အဝင်လမ်းအား...

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင်...

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မေ ၂၄ ရက် မွန်းတည့်ချိန်အထိ...

“50 Years of Gratitude...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ မေ ၂၄ ရက်တွင် ကျင်းပမည့် “50 Years of Gratitude & Friendship, 100...
HomeMoviesဖလမ်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...

ဖလမ်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၄ ကျောင်း ပြန်လည်ဖွင့်လှစ်မည်ကျေးရွာ ၅၀ ကျော်မှလည်း ကျောင်းပြန်ဖွင့်ခွင့် တောင်းခံထား

ချင်းပြည်နယ် ဖလမ်းမြို့နယ်အား တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ပေါ်နှင့် ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများ ပူးပေါင်းကာ ဖလမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း(၂)ရှိ စာသင်ခန်းများ ပြင်ဆင်ခြင်း၊ ခေါင်းမိုးများ လဲလှယ်ခြင်းနှင့် မျက်နှာကြက်များ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၄ ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅၀ ကျော်မှလည်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့် တောင်းခံထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး သတ္ထု့တွင်း မတော်တဆမှုဖြစ် လသည်။ ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီ ၂၀ နီးပါးအကြာ စနေနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း နိုင်ငံပိုင် စီစီတီဗီရုပ်သံက ဖော်ပြခဲ့သည်။ ရှန်ရှီးပြည်နယ်ရှိ အဆိုပါမိုင်းတွင်းတွင် သောကြာနေ့ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားချိန်၌ လူ ၂၅၀ နီးပါး မြေအောက်တွင် အလုပ်လုပ်နေခဲ့ကြသည်။ စနေနေ့နံနက်ပိုင်းအထိ အနည်းဆုံး လူ ၂၀၁ ဦးကို ဘေးလွတ်ရာကယ်ထုတ်ပေးခဲ့ပြီး ၁၂၃ ဦးသည်...

နေပြည်တော်လေဆိပ်အဝင်လမ်း အနာဂတ်ယာဉ်စီးရေတိုးတက်မှုနှင့်ကိုက်ညီစေရန် Master Plan ရေးဆွဲအဆင့်မြှင့်တင်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်အတွင်း လမ်း၊ တံတားများအ ဆင့်မြှင့်တင်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတက နေပြည်တော်လေဆိပ်အဝင်လမ်းအား နောင်အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်မည့် လမ်းအ သုံးပြုသူဦးရေနှင့် မော်တော်ယာဉ်စီးရေတိုးတက်လာနိုင်မှုများအပေါ်ထည့်သွင်းတွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ရန်မှာ ကြားသည်။ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတား(၁,၃၀၀)ပေတည် ဆောက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းတစ်လျှောက် သန့် ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေပြည် တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ယာ ယီသံဘောင်ဘေလီတံတားတည်ဆောက်ရန်ဆောင် ရွက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ရန်ကုန်-မန္တ လေးမီးရထားလမ်းခုံးကျော်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို...

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသများသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။ မေ ၂၄ ရက် မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071