Home Movies မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း အဆင့်မြှင့်တင်၊ ဝန်အားနှစ်ဆကျော် သယ်ဆောင်နိုင်မည့် နည်းပညာမြင့်ကြိုးများ အစားထိုးတပ်ဆင်

မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း အဆင့်မြှင့်တင်၊ ဝန်အားနှစ်ဆကျော် သယ်ဆောင်နိုင်မည့် နည်းပညာမြင့်ကြိုးများ အစားထိုးတပ်ဆင်

0
61

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းတွင် ဝန်အား နှစ်ဆကျော်တိုးမြှင့် သယ်ဆောင်နိုင်မည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးများဖြင့် အစားထိုးလဲလှယ် တပ်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို မေ ၂၂ ရက် နံနက် ၆ နာရီမှ မေ ၂၄ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လိုအပ်ပါက ဝန်အားထိန်းညှိမှုများ ပြုလုပ်ရနိုင်ကြောင်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ပြည်သူများအား အသိပေးထားသည်။

မကွေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှ ထုတ်လုပ်သည့် ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ် ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်စေရေး၊ ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်စေရေးနှင့် ဗို့အားအရည်အသွေး မြင့်မားစေရေးတို့အတွက် ယခုကဲ့သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းကို ACSR ဓာတ်အားလိုင်းကြိုးများဖြင့် ချိတ်ဆက်အသုံးပြုခဲ့ကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here