Thursday, May 21, 2026

တရုတ်ဝယ်လိုအားမြင့်တက်မှုကြောင့် မြန်မာ့စိန်တလုံးသရက်စျေးမြင့်လာ

မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်မှု အောင်မြင်လာသည့်အတွက် ပြည်တွင်းဈေးကွက်အတွင်း သရက်သီးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သရက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။ စိန်တလုံးသရက်သီးများ စတင်ပေါ်ထွက်ချိန်တွင် ဈေးနှုန်းမရရှိသဖြင့် စိုက်တောင်သူများအနေဖြင့် ဈေးလျှော့ရောင်းချမှုများ...

၁၉၉၆ လေယာဉ်ပ-စ်ချမှုနှင့်ပတ်သက်၍ ကျူးဘားသမ္မတဟောင်း ရာအူးလ်...

၁၉၉၆ ခုနှစ်က ပြည်ပြေးအရပ်သားများ တင်ဆောင်လာသော လေယာဉ်နှစ်စင်းကို ကျူးဘားဂျက်တိုက်လေယာဉ်များက ပ-စ်ချခဲ့ပြီး လူလေးဦး ‌ေ-သဆုံးခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုနှင့်...

ဧရာဝတီတိုင်းထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့်လည်း လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က...

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု နေ့စဉ် ယူနစ်(၇၀)သန်းအထိ...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ဧပြီ ၂၂ ရက်မှစတင်ကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တိုးမြှင့်ဆောင်ရွက်မှုများကြောင့် လက်ရှိတွင်...
HomeInternationalချားလ်စ်ဘုရင် ကွယ်လွန်ကြောင်း မှားယွင်းကြေညာမိသည့်အတွက်...

ချားလ်စ်ဘုရင် ကွယ်လွန်ကြောင်း မှားယွင်းကြေညာမိသည့်အတွက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုတောင်းပန်

တတိယမြောက် ချားလ်စ်ဘုရင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မတော်တဆ မှားယွင်းကြေညာမိပြီးနောက် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနတစ်ခုက “စိတ်အနှောင့်အယှက်ဖြစ်ရမှုများ” အတွက် တောင်းပန်လိုက်သည်။

အဆိုပါ မှားယွင်းသော ကြေညာချက်သည် အက်ဆက်စ်ရှိ ရေဒီယို ကာရိုလိုင်း (Radio Caroline)၏ ပင်မစတူဒီယိုတွင် ကွန်ပျူတာချို့ယွင်းမှုတစ်ခုကြောင့် အင်္ဂါနေ့မွန်းလွဲပိုင်းက ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အသံလွှင့်ဌာန မန်နေဂျာ ပီတာ မိုးရ်က ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရေးသားရာ၌ “ကျွန်တော်တို့ရဲ့ ပင်မစတူဒီယိုက ကွန်ပျူတာချို့ယွင်းမှုကြောင့် ဗြိတိန်ရေဒီယိုအသံလွှင့်ဌာနအားလုံး အဆင်သင့်ပြင်ဆင်ထားရပြီး တကယ်အသုံးမပြုရပါစေနဲ့လို့ ဆုတောင်းနေကြတဲ့ ‘ဘုရင်/ဘုရင်မ ကွယ်လွန်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း’ (Death of a Monarch procedure)ဟာ အင်္ဂါနေ့မွန်းလွဲပိုင်း (မေလ ၁၉ ရက်) မှာ မတော်တဆ ပွင့်သွားခဲ့ပါတယ်။ အဲဒါကြောင့် အရှင်မင်းကြီး နတ်ရွာစံကွယ်လွန်သွားပြီလို့ မှားယွင်းကြေညာမိခဲ့တာပါ။ အဲဒီနောက် လုပ်ထုံးလုပ်နည်းအတိုင်း ရေဒီယို ကာရိုလိုင်းရဲ့ အသံလွှင့်မှုတွေ ဆိတ်ငြိမ်သွားခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သတိပြုမိသွားပြီး အစီအစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်လွှင့်တင်ကာ အွန်အဲယား (On-air) ကနေ တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ ရေဒီယို ကာရိုလိုင်းအနေနဲ့ ကွယ်လွန်သူ ဘုရင်မကြီးရဲ့ ခရစ္စမတ်သဝဏ်လွှာ၊ အခုဆိုရင်လည်း ဘုရင်ကြီးရဲ့ ခရစ္စမတ်သဝဏ်လွှာတွေကို ဝမ်းမြောက်ဝမ်းသာ ထုတ်လွှင့်ပေးခဲ့ပြီး နောင်နှစ်ပေါင်းများစွာအထိလည်း ဆက်လက်ထုတ်လွှင့်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အတွက် အရှင်မင်းကြီးနဲ့ ကျွန်တော်တို့ရဲ့ သောတရှင်တွေကို အနူးအညွတ် တောင်းပန်အပ်ပါတယ်” ဟု ဖော်ပြထားသည်။

ထိုအမှားကို မည်မျှအကြာတွင် သိရှိခဲ့သည်ဆိုသည်ကို ပို့စ်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင်မူ အင်္ဂါနေ့က ထုတ်လွှင့်ခဲ့သည့် မွန်းလွဲ ၁:၅၈ နာရီမှ ညနေ ၅:၀၀ နာရီအထိ အစီအစဉ်များ၏ ပြန်လည်နားဆင်မှု (Playback) ကို အသံလွှင့်ဌာန၏ ဝဘ်ဆိုက်တွင် ရယူ၍မရတော့ပေ။

ဤဖြစ်ရပ်သည် ဘုရင်ကြီးနှင့် မိဖုရားကြီးတို့ မြောက်အိုင်ယာလန်သို့ ရောက်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ထိုနေရာ၌ တိုင်းရင်းသားရိုးရာဂီတအဖွဲ့တစ်ခု၏ ဖျော်ဖြေပွဲတွင် ပါဝင်ဆင်နွှဲနေခဲ့ကြသည်။

၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရေဒီယို ကာရိုလိုင်းကို ၁၉၆၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အင်္ဂလန်ကမ်းလွန်ရှိ သင်္ဘောများပေါ်မှနေ၍ လွှင့်ထုတ်ခဲ့သော ရေဒီယိုအသံလွှင့်ဌာနဟောင်း(Pirate radio station) တစ်ခု ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်ဝယ်လိုအားမြင့်တက်မှုကြောင့် မြန်မာ့စိန်တလုံးသရက်စျေးမြင့်လာ

မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်မှု အောင်မြင်လာသည့်အတွက် ပြည်တွင်းဈေးကွက်အတွင်း သရက်သီးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သရက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။ စိန်တလုံးသရက်သီးများ စတင်ပေါ်ထွက်ချိန်တွင် ဈေးနှုန်းမရရှိသဖြင့် စိုက်တောင်သူများအနေဖြင့် ဈေးလျှော့ရောင်းချမှုများ ပြုလုပ်ခဲ့ရသော်လည်း၊ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိလာပြီးနောက် ဈေးကွက်အခြေအနေ ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ “အစပိုင်းမှာ ဈေးမရလို့ ဈေးပြိုင်လျှော့ရောင်းခဲ့ရတယ်။ အခု တရုတ်ဘက်ကို တင်ပို့နိုင်တော့ ဈေးနည်းနည်းပြန်တက်လာတယ်။ ပေါ်ဦးပေါ်ဖျားမှာ ဈေးမကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဈေးကောင်းရလာနိုင်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်မှ စိန်တလုံးသရက်စိုက်တောင်သူတစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာ့စိန်တလုံးသရက်သီး တန်ချိန် ၈၀ ကျော်ကို...

၁၉၉၆ လေယာဉ်ပ-စ်ချမှုနှင့်ပတ်သက်၍ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန်က တရားစွဲ

၁၉၉၆ ခုနှစ်က ပြည်ပြေးအရပ်သားများ တင်ဆောင်လာသော လေယာဉ်နှစ်စင်းကို ကျူးဘားဂျက်တိုက်လေယာဉ်များက ပ-စ်ချခဲ့ပြီး လူလေးဦး ‌ေ-သဆုံးခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုနှင့် အခြားတာဝန်ရှိသူများကို ရာဇဝတ်ပြစ်မှုများဖြင့် တရားစွဲဆိုလိုက်ကြောင်း အမေရိကန် တရားရေးဌာနက မေ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် စွဲချက်များကို မည်သည့်အချိန်တွင်၊ မည်သို့အကောင်အထည်ဖော်မည်ဆိုသည်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် တာဝန်ရှိသူများက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ အမေရိကန် ယာယီရှေ့နေချုပ် တော့ဒ် ဘလန်ချီက “ကက်စထရိုအနေဖြင့် မိမိဆန္ဒအလျောက်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ အမေရိကန်တွင် တရားရင်ဆိုင်ရမည်ဟု...

ဧရာဝတီတိုင်းထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တိုက်တွန်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနေဖြင့်လည်း လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပသည့် ပုသိမ်စက်မှုစီမံကိန်း၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအသစ် (၂) ခု၏ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပုသိမ်စက်မှုစီမံကိန်းတွင် Satori Grande Company Limited မှ လုပ်ငန်းသုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071