စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်၊ “ဘေးမဲ့ချမ်းသာ မဟာရာမ်ဆီး စေတီ” ကို လုံးတော်ပြည့်ရွှေဆေးသင်္ကန်းကပ်လှုရန်နှင့် ထီးတော်ကြီးရွှေသင်္ကန်းကပ်လှုရန် အတွက် ငြမ်းဆင်သည့်လုပ်ငန်း စတင်နေပြီဖြစ်ကြောင်း သိရသည်။
“ဘေးမဲ့ချမ်းသာ မဟာရာမ်ဆီး စေတီ” သည် မုံရွာမြို့သမို င်းထဲတွင် ပါဝင်သည့် ဘုရားလေးဆူထဲတွင် အပါအဝင်ဖြစ်ပြီး လက်ရှိတွင် အများကဘုရားလှဟု ပြောဆိုသမုတ်ကြခြင်းဖြစ်သည်။
“မဟာရံဆီးစေတီတော်ကြီးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မတ် လ (၂၈)ရက်လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ငှက်ပျောဖူးအောက်ကွာကျတာ။ ကွဲအက်တာတွေရှိတဲ့အတွက် မဖြစ်မနေပြုပြင်ကြရတာပါ။ လွန်ခဲ့တဲ့နှစ် (၅၀) ကျော်က စေတီတော်ကြီးရဲ့ သံထီးတော်ကို ရွှေသင်္ကန်းကပ်လှုခဲ့ပြီး လွန်ခဲ့တဲ့ နှစ်(၃၀) ကျော်က စေတီတော်ကို လုံးတော်ပြည့် ရွှေဆေးသင်္ကန်းကပ်လှုခဲ့ပါတယ်”ဟု ဘုရားလှကျောင်းတိုက်ဆ ရာတော် ဥူးဥာဏိဿရက မိန့်ကြားသည်။
လုံးတော်ပြည့်ရွှေဆေးသင်္ကန်းကပ်လှုရန်နှင့် ထီးတော်ကြီးရွှေသင်္ကန်းကပ်လှုရန် အတွက် ဘုရားလှကျောင်းတိုက်ဆ ရာတော် ဥူးဥာဏိဿရ ဦးဆောင်ပြီး ဘုရားလှဘုရားဂေါ ပကအဖွဲ့နှင့် အလှုရှင်များက အကြီးစားပြုပြင်မွမ်းမံနေကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ထီးတော်ကြီးသည်သံချေးအလိမ်းလိမ်းတက် မဲနေပြီဖြစ်သည့် အပြင် စေတီ လုံးပတ်တော်သည် ရွှေသင်္ကန်းရောင်တော်မှိန်နေပြီဖြစ်သည်။
လုံးတော်ပြည့်ရွှေဆေးသင်္ကန်းကပ်လှုခြင်းနှင့် ထီးတော်ကြီးရွှေသင်္ကန်းကပ်လှုခြင်းများ ဆောင်ရွက်ရာတွင် အလှုခံစခ န်း ဖွင့်လှစ်ခြင်းမပြုတော့ဘဲ အနယ်နယ်အရပ်ရပ်မှ ကြား သိ၍ လာရောက်လှုဒါန်းခြင်း၊ နီးစပ်ရာ KBZ Pay ဖြင့် လှူကြခြင်းများကို လက်ခံပြီး ပြီးစီးအောင်မြင်အောင် ဆောင် ရွက်သွားမည်ဟု ဘုရားလှဆရာတော်က မိန့်တော်မူသည်။
