Home News Local News ကျောက်ဆည်တွင် လမ်းဘေးရပ်ထားသည့်ကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်၍သေဆုံး

ကျောက်ဆည်တွင် လမ်းဘေးရပ်ထားသည့်ကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်၍သေဆုံး

0
85

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် ယနေ့ မေ ၁၇ ရက်နံနက် ၆ နာရီကျော်ခန့်က လမ်းဘေး၌ရပ်ထားသည့် ကုန်တင်ကားနောက် ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ သမန္တလင်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမ၏ လမ်းဘေးတွင်ရပ်ထားသောကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက်မိပြီး ကားမောင်းသူမှာခေါင်းခန်းအတွင်း၌ညပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက ညပ်နေသည့်ကားမောင်းသူအားသယ်ထုတ်မှုများပြုလုပ်ပြီးနောက် သမန္တလင်းကျေးရွာမှ နာရေးကူညီမှုအသင်းက ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here