Sunday, May 17, 2026

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေးဖီဖာနှင့်အီရန် ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

ဖီဖာအတွင်းရေးမှူးချုပ် မတ်တီယက်စ် ဂရက်ဖ်စတွမ်သည် စနေနေ့တွင် အစ္စတန်ဘူလ်၌ အီရန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ဖလားတွင် အီရန်ပါဝင်ရေးကို အာမခံပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သိရှိသော...

မြိတ်မြို့ရှိ ဆီဂိုဒေါင်မီးလေ-ာင် နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့ မေ ၁၇ ရက်နံနက် ၈ နာရီခန့်က ဆီဂိုဒေါင်တစ်လုံးမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်ရှိ ဆီဂိုဒေါင်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍...

ကျောက်ဆည်တွင် လမ်းဘေးရပ်ထားသည့်ကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်၍သေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် ယနေ့ မေ ၁၇ ရက်နံနက် ၆ နာရီကျော်ခန့်က လမ်းဘေး၌ရပ်ထားသည့် ကုန်တင်ကားနောက် ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက်မိခဲ့ကြောင်း...

လေဖိအားနည်းရပ်ဝန်းအားလျော့သွားပြီဖြစ်သော်လည်း ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်း၍ မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နေမည်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ အားလျော့သွားခဲ့ပြီးဖြစ်ကြောင်း မိုးဇလထံမှ သိရသည်။ ထိုသို့ အားလျော့သွားခဲ့သော်လည်း ရန်ကုန်တိုင်း၊ မန္တ လေးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့်...
HomeNewsLocal Newsအကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်...

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ်(၁၃)ခုဖြင့် နိုင်ငံအလိုက်အဆင့်(၁)နေရာတွင်ရပ်တည်

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲဖွင့်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံ၍ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့ နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ မေ ၁၄ ရက်မှ မေ ၁၈ ရက်အထိကျင်းပလျက်ရှိသည်။

ပြိုင်ပွဲအား မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှအားကစားသမားများပါဝင်ယှဉ်ပြိုင်လျက်ရှိရာ မြန်မာအားကစားသမားများက မေ ၁၆ ရက်အထိ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ် (၅)ခုနှင့် ကြေးတံဆိပ်(၃)ခုရရှိပြီး နိုင်ငံအလိုက်အဆင့် (၁)နေရာတွင် ရပ်တည်လျက်ရှိသည်။

အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်ကကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒု-ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညီညီ၊ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်(SEABPF)ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit နှင့် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်(WBPF)ဥက္ကဋ္ဌ Mr. Datuk Paul Chua တို့တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲ၌ဆုရရှိသူများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် Trophy တို့ကိုပေးအပ်ချီးမြှင့်ခဲ့ကြကာ ယနေ့ မေ ၁၇ ရက်တွင် Event အမျိုးအစား(၁၂)မျိုးအား ပြိုင်ပွဲဝင်နိုင်ငံများကဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေးဖီဖာနှင့်အီရန် ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

ဖီဖာအတွင်းရေးမှူးချုပ် မတ်တီယက်စ် ဂရက်ဖ်စတွမ်သည် စနေနေ့တွင် အစ္စတန်ဘူလ်၌ အီရန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ဖလားတွင် အီရန်ပါဝင်ရေးကို အာမခံပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သိရှိသော သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။         အီရန်သည် ကမ္ဘာ့ဖလား အုပ်စုပွဲ သုံးပွဲလုံးကို အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အမေရိကနှင့် အစ္စရေးတို့က ဖေဖော်ဝါရီလအနှောင်းပိုင်းတွင် အီရန်ကို တို-က်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၁၁ ရက် နေ့ မှ ဇူလိုင်လ ၁၉ ရက် နေ့အထိ ကျင်းပမည့် ပြိုင်ပွဲတွင် အီရန်အသင်းပါဝင်ရေးမှာ ပြဿနာဖြစ်နေခဲ့သည်။      အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်...

မြိတ်မြို့ရှိ ဆီဂိုဒေါင်မီးလေ-ာင် နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့ မေ ၁၇ ရက်နံနက် ၈ နာရီခန့်က ဆီဂိုဒေါင်တစ်လုံးမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်ရှိ ဆီဂိုဒေါင်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မြိတ်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၈ နာရီ ၃၅ မိနစ်၌မီး ငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်တွင် လမ်းဘေးရပ်ထားသည့်ကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်၍သေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် ယနေ့ မေ ၁၇ ရက်နံနက် ၆ နာရီကျော်ခန့်က လမ်းဘေး၌ရပ်ထားသည့် ကုန်တင်ကားနောက် ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ်၊ သမန္တလင်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမ၏ လမ်းဘေးတွင်ရပ်ထားသောကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက်မိပြီး ကားမောင်းသူမှာခေါင်းခန်းအတွင်း၌ညပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက ညပ်နေသည့်ကားမောင်းသူအားသယ်ထုတ်မှုများပြုလုပ်ပြီးနောက် သမန္တလင်းကျေးရွာမှ နာရေးကူညီမှုအသင်းက ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071