Sunday, May 17, 2026

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေးဖီဖာနှင့်အီရန် ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

ဖီဖာအတွင်းရေးမှူးချုပ် မတ်တီယက်စ် ဂရက်ဖ်စတွမ်သည် စနေနေ့တွင် အစ္စတန်ဘူလ်၌ အီရန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ဖလားတွင် အီရန်ပါဝင်ရေးကို အာမခံပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သိရှိသော...

မြိတ်မြို့ရှိ ဆီဂိုဒေါင်မီးလေ-ာင် နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့ မေ ၁၇ ရက်နံနက် ၈ နာရီခန့်က ဆီဂိုဒေါင်တစ်လုံးမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်ရှိ ဆီဂိုဒေါင်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍...

ကျောက်ဆည်တွင် လမ်းဘေးရပ်ထားသည့်ကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်၍သေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် ယနေ့ မေ ၁၇ ရက်နံနက် ၆ နာရီကျော်ခန့်က လမ်းဘေး၌ရပ်ထားသည့် ကုန်တင်ကားနောက် ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက်မိခဲ့ကြောင်း...

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲဖွင့်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံ၍ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့ နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ မေ ၁၄ ရက်မှ မေ ၁၈...
HomeInternationalအစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင်အကြီးတန်း အစိုးရအရာရှိကြီးများအဖြစ်...

အစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင်အကြီးတန်း အစိုးရအရာရှိကြီးများအဖြစ် ဟန်ဆောင်လှည့်စားသည့် အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ စင်ကာပူရဲတပ်ဖွဲ့ သတိပေး

အစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင် အကြီးတန်း အစိုးရအရာရှိကြီးများအဖြစ် ဟန်ဆောင်ကာ လိမ်လည်လှည့်စားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အထူးသတိပြုကြရန် အသိပေးနှိုးဆော်ချက်တစ်ရပ်ကို စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ဤသတိပေးချက်ကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့က အစောပိုင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း ထိုအချိန်မှစ၍ အလားတူဖြစ်စဉ်များ ထပ်မံပေါ်ပေါက်လာခဲ့ပြီး၊ လိမ်လည်သူများသည် အစိုးရအရာရှိများနှင့် ယခင်က ထိတွေ့ဆက်ဆံဖူးသည့် စီးပွားရေးလုပ်ငန်းရှင် အလွှာအသီးသီးကို အဓိကပ-စ်မှတ်ထားနေကြောင်း တွေ့ရှိရသဖြင့် ထပ်မံထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များတွင် လိမ်လည်သူများသည် အစိုးရအဖွဲ့အတွင်းရေးမှူး အပါအဝင် အဆင့်မြင့်အစိုးရအရာရှိကြီးများအဖြစ် ဟန်ဆောင်ကာ သမ္မတ၊ ဝန်ကြီးများနှင့် အခြားအစိုးရအရာရှိကြီးများ တက်ရောက်မည့် ဗီဒီယိုအွန်လိုင်းအစည်းအဝေး (Virtual Meeting) သို့ တက်ရောက်ရမည့် သူတို့အား အကြောင်းကြားလေ့ရှိသည်။ ထို့နောက် အဆိုပါအစည်းအဝေးအတွက် “လျှို့ဝှက်ချက်ထိန်းသိမ်းမှုသဘောတူညီချက် (Non-Disclosure Agreement – NDA)” ကို ပေးပို့ရန် သားကောင်ဖြစ်သူ၏ အီးမေးလ်လိပ်စာကို တောင်းခံသည်။ လိမ်လည်သူများသည် သားကောင်ဖြစ်သူအား ၎င်း NDA ကို လက်မှတ်ရေးထိုးပြီး ၎င်းတို့၏ သတ်မှတ်ပုံစံ အထောက်အထားကတ်ပြား (ID Card) မိတ္တူကိုပါ ပြန်လည်ပေးပို့ရန် ပြောဆို‌လေ့ရှိသည်။

ဖြစ်စဉ်တစ်ခုတွင် သားကောင်ဖြစ်သူသည် စင်ကာပူအစိုးရအဖွဲ့အတွင်း‌ရေးမှူး မစ္စတာ ဝမ်ဟောင်ကွမ် (Mr Wong Hong Kuan) ၏ ပရိုဖိုင်ဓာတ်ပုံကို အသုံးပြုထားသည့် WhatsApp မက်ဆေ့ခ်ျတစ်ခုကို လက်ခံရရှိခဲ့ပြီး စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါန်း (Prime Minister Lawrence Wong) နှင့် အစည်းအဝေးတက်ရောက်ရန် အကြောင်းကြားခြင်း ခံခဲ့ရသည်။ ထို့ပြင် အစိုးရအဖွဲ့အတွင်းရေးမှူးထံမှ ပေးပို့သည်ဟု ဆိုကာ WongHongKuan(dot)secretarycabinet@proton(dot)me ဟူသော အီးမေးလ်မှတစ်ဆင့် ဟော်မုဇ်ရေလက်ကြား အခြေအနေနှင့် ပတ်သက်၍ အရေးပေါ်ရန်ပုံငွေ အကူအညီပေးရန် တောင်းခံလာခဲ့သည်။ အဆိုပါ အီးမေးလ်တွင် ဝန်ကြီးချုပ် လောရင့်စ်ဝေါန်း၏ လက်မှတ်ပါရှိပြီး အဆိုပါ ရန်ပုံငွေများကို စင်ကာပူအစိုးရက ရုံးဖွင့်ရက် ၁၅ ရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဟု ဖော်ပြထားသည့် တရားဝင် အစိုးရထုတ်ပြန်ချက်သဖွယ် လျော်ကြေးပေးအပ်မှု အာမခံချက်စာချွန်လွှာ (Letter of Guarantee) လည်း ပါဝင်နေသည်။ သားကောင်ဖြစ်သူကို NDA လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့သဖြင့်လည်း သူက လက်မှတ်ရေးထိုးပေးခဲ့မိသည်။

ထို့နောက် သားကောင်ဖြစ်သူအား ဝန်ကြီးချုပ် လောရင့်စ်ဝေါန်း အပြင် အခြားပြည်တွင်းနှင့် ပြည်ပ အစိုးရအရာရှိကြီးများ ပါဝင်သည့် Zoom ဗီဒီယို ကွန်ဖရင့်အစည်းအဝေးတစ်ခုသို့ ဖိတ်ကြားခြင်း ခံခဲ့ရသည်။ သို့သော် လက်တွေ့တွင် အဆိုပါ အစည်းအဝေး၌ ပါဝင်သူများသည် Deepfake AI နည်းပညာကို အသုံးပြု၍ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်။ အစည်းအဝေးပြီးနောက် သားကောင်ဖြစ်သူအား WhatsApp မှတစ်ဆင့် ဆက်သွယ်လာပြီး လူလိမ်များက ပေးအပ်ထားသည့် ကုမ္ပဏီဘဏ်အကောင့်တစ်ခုအတွင်းသို့ အနည်းဆုံး စင်ကာပူဒေါ်လာ ၄.၉ သန်း (SGD 4.9 million) ကို အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့ရသည်။ နောက်ပိုင်းတွင် သားကောင်ဖြစ်သူသည် မသင်္ကာစရာ တစ်ခုရှိနေသည်ဟု ခံစားရသဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အစိုးရအဖွဲ့အတွင်းရေးမှူးထံသို့ တိုက်ရိုက်ဆက်သွယ်ခဲ့ရာမှ မိမိကိုယ်တိုင် လိမ်လည်လှည့်စားခြင်း ခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားခဲ့သည်။

ယခင်က အလားတူ လုပ်ထုံးလုပ်နည်းအတိုင်း လိမ်လည်ခဲ့သည့် အမှုများနှင့် ပတ်သက်၍ ဆင်းမ်ကတ် (SIM Card) ဆိုင်ရာ ပြစ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၃ ဦးကို ရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ဖမ်းဆီးပြီး တရားစွဲဆိုထားပြီး ဖြစ်သည်။

ထို့ကြောင့် မိမိတို့ မသိရှိသောသူများ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသော သူများထံသို့ ငွေကြေးလွှဲပြောင်းခြင်း သို့မဟုတ် မိမိ၏ သတ်မှတ်ပုံစံ အထောက်အထားကတ်ပြား (ID Card) အချက်အလက်များကို ပေးပို့ခြင်းမျိုး မပြုလုပ်ကြရန် စင်ကာပူရဲတပ်ဖွဲ့က ပြည်သူလူထုအား သတိပေးနှိုးဆော်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် စင်ကာပူအစိုးရအရာရှိများသည် အီးမေးလ် သို့မဟုတ် ဖုန်းခေါ်ဆိုမှုများမှတစ်ဆင့် အောက်ပါအချက်များကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ကြောင်းကိုလည်း စင်ကာပူရဲတပ်ဖွဲ့၏ သတိပေးချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။

၁။ သင့်အား ငွေလွှဲခိုင်းခြင်း၊

၂။ သင့်၏ ဘဏ်အကောင့်ထဲသို့ ဝင်ရောက်ရန် လျှို့ဝှက်အချက်အလက်များ (Bank Login Details) ကို တောင်းခံခြင်း၊

၃။ တရားဝင်မဟုတ်သော App Store များမှတစ်ဆင့် မိုဘိုင်းအက်ပလီကေးရှင်း (Mobile Apps) များကို ထည့်သွင်းခိုင်းခြင်း၊

၄။ သင့်၏ ဖုန်းခေါ်ဆိုမှုကို ရဲတပ်ဖွဲ့ သို့မဟုတ် အခြားအစိုးရအရာရှိများထံသို့ လွှဲပြောင်းပေးခြင်း။

ပြည်သူများအနေဖြင့် အောက်ပါ ကြိုတင်ကာကွယ်ရေး အစီအမံများကို လိုက်နာဆောင်ရွက်ရန်ကိုလည်း စင်ကာပူရဲတပ်ဖွဲ့ကထပ်လောင်း တိုက်တွန်းနှိုးဆော်ထားသည်။

၁။ ADD (ထည့်သွင်းပါ) – မိမိကိုယ်ကို လိမ်လည်သည့် ဖုန်းခေါ်ဆိုမှုများနှင့် SMS မက်ဆေ့ခ်ျများမှ ကာကွယ်ရန် ‘ScamShield App’ ကို ထည့်သွင်းပါ။ လုံခြုံရေးဆိုင်ရာ အင်္ဂါရပ်များကို သတ်မှတ်ပါ (ဥပမာ- အင်တာနက်ဘဏ်စနစ် လွှဲပြောင်းမှုများအတွက် ငွေပမာဏ ကန့်သတ်ချက်များ သတ်မှတ်ခြင်း၊ ဘဏ်များအတွက် Two-Factor Authentication (2FA) သို့မဟုတ် Multifactor Authentication စနစ်များကို အသုံးပြုခြင်း)။

၂။ CHECK (စစ်ဆေးပါ) – လိမ်လည်လှည့်စားမှု လက္ခဏာများကို တရားဝင်အရင်းအမြစ်များနှင့် တိုက်ဆိုင်စစ်ဆေးပါ။ သင်္ကာမကင်းဖြစ်ဖွယ် မက်ဆေ့ခ်ျများ၊ ဖုန်းနံပါတ်များနှင့် ဝဘ်ဆိုက်လင့်ခ်များ၏ တရားဝင်မှန်ကန်မှုကို ScamShield App မှတစ်ဆင့် စစ်ဆေးနိုင်သည် သို့မဟုတ် ScamShield ၏ ဝဘ်ဆိုက်ဖြစ်သော www(dot)scamshield(dot)gov(dot)sg သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၃။ TELL (အကြောင်းကြားပါ) – လိမ်လည်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများကို အသိပေးပါ။ မရိုးသားသော ငွေလွှဲပြောင်းမှုများ ရှိခဲ့ပါက မိမိတို့၏ ဘဏ်သို့ ချက်ချင်း သတင်းပို့တိုင်ကြားပါ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေးဖီဖာနှင့်အီရန် ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

ဖီဖာအတွင်းရေးမှူးချုပ် မတ်တီယက်စ် ဂရက်ဖ်စတွမ်သည် စနေနေ့တွင် အစ္စတန်ဘူလ်၌ အီရန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ဖလားတွင် အီရန်ပါဝင်ရေးကို အာမခံပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှုများကို သိရှိသော သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။         အီရန်သည် ကမ္ဘာ့ဖလား အုပ်စုပွဲ သုံးပွဲလုံးကို အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အမေရိကနှင့် အစ္စရေးတို့က ဖေဖော်ဝါရီလအနှောင်းပိုင်းတွင် အီရန်ကို တို-က်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၁၁ ရက် နေ့ မှ ဇူလိုင်လ ၁၉ ရက် နေ့အထိ ကျင်းပမည့် ပြိုင်ပွဲတွင် အီရန်အသင်းပါဝင်ရေးမှာ ပြဿနာဖြစ်နေခဲ့သည်။      အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်...

မြိတ်မြို့ရှိ ဆီဂိုဒေါင်မီးလေ-ာင် နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့ မေ ၁၇ ရက်နံနက် ၈ နာရီခန့်က ဆီဂိုဒေါင်တစ်လုံးမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်ရှိ ဆီဂိုဒေါင်တစ်လုံးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ မြိတ်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၈ နာရီ ၃၅ မိနစ်၌မီး ငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်တွင် လမ်းဘေးရပ်ထားသည့်ကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်၍သေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် ယနေ့ မေ ၁၇ ရက်နံနက် ၆ နာရီကျော်ခန့်က လမ်းဘေး၌ရပ်ထားသည့် ကုန်တင်ကားနောက် ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ်၊ သမန္တလင်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမ၏ လမ်းဘေးတွင်ရပ်ထားသောကုန်တင်ကားနောက်ပိုင်းကို ကုန်တင်ကားတစ်စီးကဝင်တိုက်မိပြီး ကားမောင်းသူမှာခေါင်းခန်းအတွင်း၌ညပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက ညပ်နေသည့်ကားမောင်းသူအားသယ်ထုတ်မှုများပြုလုပ်ပြီးနောက် သမန္တလင်းကျေးရွာမှ နာရေးကူညီမှုအသင်းက ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071