Saturday, May 16, 2026

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတပြော

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ်...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို...

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က...

ထောက်ကြန့်မြို့ရှိ ပေါင်းငူ-ဥာဏရပ်ကွက်တွင်နေထိုင်သူများ ဗို့အားပြည့်ဝစွာအသုံးပြုနိုင်တော့မည့် ထရန်စဖော်မာဖွင့်လှစ်

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ ပေါင်းငူ-ဥာဏရပ် ကွက်၊ ဂန္ဓမာလမ်းနှင့် ချယ်ရီလမ်းထောင့်တွင် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၆ ဒသမ ၆ ကေဗွီကောင်းကင်ဓာတ်အားလိုင်းပေ(၅၀)နှင့် ၄၀၀...
HomeNewsLocal Newsရတနာပုံမြို့သစ်စီမံကိန်းဧရိယာ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန်...

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း သောက်သုံး ရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။

နိုင်ငံတော်သမ္မတက ယနေ့ မေ ၁၆ ရက်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး ရတနာပုံမြို့သစ်စီမံကိန်းနှင့် ရတနာပုံတယ်လီပို့အဆောက်အဦတို့အားကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းမှာ ကြားခဲ့ခြင်းဖြစ်သည်။

အဆောက်အဦများတည်ဆောက်ရာ၌ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရန်၊ စီမံကိန်းဧရိယာအတွင်း စိမ်းလန်းစိုပြေရေး၊ ရေအရင်းအမြစ်များကို အပြည့်အဝနှင့်အကျိုးရှိရှိအသုံးချနိုင်ရေး စီမံဆောင် ရွက်ရန်၊ ရတနာပုံမြို့သစ်စီမံကိန်းအတွင်း ဒီဂျစ်တယ်၊ အိုင်တီနှင့် အေအိုင်နည်းပညာများ တိုးတက်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့ပြင် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့် ဒီဂျစ်တယ်၊ အိုင်တီနှင့် အေအိုင်နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေမည့် အထောက်အကူပြုပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကိုသာဆောင်ရွက်ရန်၊ ဝန်ထမ်းအိမ်ရာများ၊ သွားရေးလာရေးနှင့် အုပ်ချုပ်မှုများ အဆင်ပြေစေရေးအတွက်စီမံဆောင်ရွက်ရန် မှာကြားသည်။

ထို့အတူ Master Plan ကို စနစ်တကျရေးဆွဲဆောင် ရွက်ရန်၊ Master Plan ကို စနစ်တကျရေးဆွဲပြီးမှသာ စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်တို့ကိုလည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက ရတနာပုံမြို့သစ် စီမံ ကိန်းဧရိယာအတွင်းကို မော်တော်ယာဉ်များဖြင့်ကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတပြော

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ပြင်ဦးလွင်မြို့ဟာ သဘာဝကပေးထားတဲ့ ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ဖို့ကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်တာကြောင့် ကျန်းမာရေးမြို့တော်အဖြစ်ဆောင် ရွက်နိုင်ဖို့ မူဝါဒချမှတ်ဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် စွန့်ပစ်အမှိုက်များကို အကျိုးရှိစွာပြန်လည်အ သုံးချ၍ မြို့အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမည်ဖြစ်ကာ ခရီးသွားမြို့ဖြစ်၍ ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပမှုများ ပိုမိုကောင်းမွန်လာပါက ပြည်တွင်း/ပြည်ပခရီးသွားများပိုမိုများပြားစွာလာရောက်ကြမည်ဖြစ်ပြီး ခရီးသွားလာလည်ပတ်ရန်ကောင်းမွန်သည့်မြို့အဖြစ် ပြင်ဦးလွင်၏ ဂုဏ်ဒြပ်ပိုမိုကောင်းမွန်လာမည်ဟု ပြောသည်။ ထို့ကြောင့် ခရီးသွားများစားသုံးရန်နှင့်...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ သကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ဖွင့်လှစ် 

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်သူများ မြန်မာနိုင်ငံတစ်ဝှမ်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံ သားများ၏ လူနေမှုဘ၀ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ရွည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက လမ်းမကြီး(၅)လမ်းကို နိုင်ငံတော်သမ္မတဖွင့်လှစ်ပေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)နှင့် ရပ်ကွက်ကြီး (၁၀)ရှိ အဓိကလမ်းမကြီးများဖြစ်သည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယု ဇနလမ်းတို့အား နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့၍ နိုင်ငံတော်သမ္မတက အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်နှင့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဦးမျိုးအောင်တို့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071