ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ ပေါင်းငူ-ဥာဏရပ် ကွက်၊ ဂန္ဓမာလမ်းနှင့် ချယ်ရီလမ်းထောင့်တွင် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၆ ဒသမ ၆ ကေဗွီကောင်းကင်ဓာတ်အားလိုင်းပေ(၅၀)နှင့် ၄၀၀ ဗို့ဓာတ် အားလိုင်းပေ(၄၀၀)တို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပြီးစီးခဲ့၍ ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့ရာ ပေါင်းငူ-ဥာဏရပ်ကွက်ရှိ ဂန္ဓမာလမ်း၊ ချယ်ရီလမ်းနှင့် ဇိီဇဝါလမ်းတို့ရှိ မီးအသုံးပြုသူ များ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြီး ဗို့အားပြည့်ဝစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
