အိန္ဒိယနိုင်ငံမှ အထွေထွေကုန်စည်တန်ချိန်(၄၀၀)တင် ဆောင်လာသော MV Taw Win Thiri သင်္ဘောသည် စစ်တွေဆိပ်ကမ်းသို့ဆိုက်ကပ်မှု(၃၀၀)စီးမြောက်အဖြစ် ဆိုက်ကပ်ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးထံမှ သိရသည်။
အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော ဒေသတွင်းပေါင်းစည်းဆက်နွယ်ချိတ်ဆက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကုန်စည်စီးဆင်းမှုများအတွက်ရည်ရွယ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMMTTC)၏ စစ်တွေဆိပ်ကမ်းသို့ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
