Saturday, May 16, 2026

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို...

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က...

ထောက်ကြန့်မြို့ရှိ ပေါင်းငူ-ဥာဏရပ်ကွက်တွင်နေထိုင်သူများ ဗို့အားပြည့်ဝစွာအသုံးပြုနိုင်တော့မည့် ထရန်စဖော်မာဖွင့်လှစ်

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ ပေါင်းငူ-ဥာဏရပ် ကွက်၊ ဂန္ဓမာလမ်းနှင့် ချယ်ရီလမ်းထောင့်တွင် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၆ ဒသမ ၆ ကေဗွီကောင်းကင်ဓာတ်အားလိုင်းပေ(၅၀)နှင့် ၄၀၀...

ကော်ဖီပင်(၂၀၀)ဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်ပြုလုပ်ခဲ့သည့် နာဂဒေသ နန်းယွန်းမြို့

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ကော်ဖီပင် (၂၀၀)ပင်ကို မိုးရာသီသစ်ပင်စိုက်ပွဲတော်အဖြစ်စိုက် ပျိုးခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်‌ရေး၊ အရိပ်အာဝါဒနှင့် မျက်စိပသာဒအကျိုးများရရှိရေး၊...
HomeNewsLocal Newsပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကျေးဆယ်အိမ်မှူး၊ ရာအိမ်မှူး၊...

ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကျေးဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်းကို မေလ (၃၁) ရက်တွင် အပြီးသတ် ရွေးချယ်ဆောင်ရွက်သွားမည်

ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းစဉ်များအား မေလ (၃၁) ရက်တွင် အပြီးသတ်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရွေးချယ်ခြင်းအား အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန် တို င်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှုအပေါ် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးကြပ်ဆောင်ရွက်နိုင်ရန်မြို့နယ် အကူအညီပေးရေးအဖွဲ့အား မြို့နယ်အဆင့်ဌာနဆိုင်ရာ(၃၂)ဌာန၊ မြို့အဆင့်ဌာနဆိုင်ရာ(၁၄) ဌာန စုစုပေါင်း (၄၆) ဌာနတို့ဖြင့် ပါဝင်သော ကြီးကြပ်ဆောင်ရွက်သည့် အဖွဲ့ခွဲ (၁၀)ဖွဲ့ဖြင့် ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ကြီးကြပ်ရေးအဖွဲ့များမှ ရွေးချယ်တင်ပြလာသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူးများ၏ အမည်စာရင်းပါ ပုဂ္ဂိုလ်များကိုစိစစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း ဥပဒေ အခန်း (၃) ပုဒ်မ (၅) ပါ အရည်အချင်းများနှင့်ပြည်စုံပါက အမိန့်ထုတ်ပြန်၍ အတည်ပြုခန့်ထားခြင်းများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ သကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ဖွင့်လှစ် 

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်သူများ မြန်မာနိုင်ငံတစ်ဝှမ်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံ သားများ၏ လူနေမှုဘ၀ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ရွည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက လမ်းမကြီး(၅)လမ်းကို နိုင်ငံတော်သမ္မတဖွင့်လှစ်ပေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)နှင့် ရပ်ကွက်ကြီး (၁၀)ရှိ အဓိကလမ်းမကြီးများဖြစ်သည့် နဝရတ်လမ်း၊ သိင်္ဂီလမ်း၊ ပြည်သာယာလမ်း၊ ရတနာလမ်း၊ မာလာယု ဇနလမ်းတို့အား နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့၍ နိုင်ငံတော်သမ္မတက အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်နှင့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဦးမျိုးအောင်တို့က...

ထောက်ကြန့်မြို့ရှိ ပေါင်းငူ-ဥာဏရပ်ကွက်တွင်နေထိုင်သူများ ဗို့အားပြည့်ဝစွာအသုံးပြုနိုင်တော့မည့် ထရန်စဖော်မာဖွင့်လှစ်

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့၊ ပေါင်းငူ-ဥာဏရပ် ကွက်၊ ဂန္ဓမာလမ်းနှင့် ချယ်ရီလမ်းထောင့်တွင် ၂၀၀ ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၆ ဒသမ ၆ ကေဗွီကောင်းကင်ဓာတ်အားလိုင်းပေ(၅၀)နှင့် ၄၀၀ ဗို့ဓာတ် အားလိုင်းပေ(၄၀၀)တို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပြီးစီးခဲ့၍ ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့ရာ ပေါင်းငူ-ဥာဏရပ်ကွက်ရှိ ဂန္ဓမာလမ်း၊ ချယ်ရီလမ်းနှင့် ဇိီဇဝါလမ်းတို့ရှိ မီးအသုံးပြုသူ များ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြီး ဗို့အားပြည့်ဝစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071