Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeNewsLocal Newsအနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး...

အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန သတိပေး

ဈေးကွက်အတွင်း ရောင်းချနေသည့် “တောင်ကြာပန်း” အပါအဝင် အမျိုးသားအားတိုးဆေး ခြောက်မျိုးတွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူများ မသုံးစွဲသင့်ကြောင်းနှင့် ရောင်းချဖြန့်ဖြူးသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ စစ်မှန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် အမျိုးသားအားတိုးဆေးအချို့ကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲအမှတ်တံဆိပ် အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအားဆေးတို့မှာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း မှတ်ပုံတင်စဉ်က ဖော်ပြထားသည့် ဆေးဖုံနှင့် ဖော်စပ်နည်းများအတိုင်း မဟုတ်ဘဲ ထုတ်လုပ်ထားကြောင်း တွေ့ရှိရသည်။

ထို့ပြင် ယင်းဆေးများတွင် Sildenafil နှင့် Tadalafil ကဲ့သို့သော အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း ဓာတ်ခွဲစစ်ဆေးချက်များအရ အတည်ပြုတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Double X အမှတ်တံဆိပ် အမျိုးသားအားတိုးဆေးမှာလည်း တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် မရှိဘဲ ထုတ်လုပ်ရောင်းချနေကြောင်းနှင့် ယင်းဆေးတွင်လည်း အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါဆေးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သဖြင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း သတိပေးထားသည်။

ထို့အပြင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဆိုင်များအနေဖြင့် မှတ်ပုံတင်မရှိသော တိုင်းရင်းဆေးဝါးများ၊ စံမညီဆေးဝါးများနှင့် အများပြည်သူ မသုံးစွဲသင့်ကြောင်း ကြေညာထားသည့် ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၃၁၊ ၃၂ အရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071