Home Movies တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်(၃)မျိုး မသုံးစွဲရန် FDA သတိပေး

တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်(၃)မျိုး မသုံးစွဲရန် FDA သတိပေး

0
114

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများ၏ Post-Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံနိုင်ငံများတွင် တွေ့ရှိထားသည့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၃) မျိုးသည် FDA ၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း ထုတ်ပြန်ထားသည်။

ထိုအလှကုန်ပစ္စည်းများတွင် ပါဝင်သည့် တားမြစ်ဓာတုပစ္စည်းများကြောင့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ပေါ်ခြင်းတို့အပြင် အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူမိပါက ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ထို့ပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားလာနိုင်သဖြင့် အများပြည်သူအနေဖြင့် ယင်းအလှကုန်များကို မသုံးစွဲကြရန် FDA က သတိပေးထားသည်။

အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့် ကုမ္ပဏီများ၊ လက်လီလက်ကားဆိုင်များနှင့် Online Shopping မှတစ်ဆင့် ရောင်းချသူများအနေဖြင့် FDA တွင် မှတ်တမ်းတင်ထားခြင်းမရှိသော အလှကုန်များကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်လည်း အသိပေးထားသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA ကအသိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here