Friday, May 15, 2026

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၅ နိုင်ငံခရီးစဉ်...

နယူးဒေလီ၊ မေ ၁၅ ရက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေနှင့် အီတလီနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်ကို...

တရုတ်နိုင်ငံတော်ညစာစားပွဲ၌ တင်မ်ကွတ်နှင့် အီလွန်မတ်စ်တို့ အလယ်တွင်...

ကုန်ထုတ်လုပ်မှုလုပ်ငန်းစုကြီးဖြစ်သော Lens Technology ကို ဦးဆောင်နေသည့် ကျိုးကွမ်ဖေးသည် ကြာသပတေးနေ့ညက တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် တည်ခင်းဧည့်ခံသည့် နိုင်ငံတော်ညစာစားပွဲတွင်...

ဟန်းတာဗိုင်းရပ်စ် မြန်မာသို့ ကူးစက်နိုင်ခြေနည်းပါး၊

ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ဟန်းတာဗိုင်းရပ်စ်ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးသော်လည်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးနှင့် ဒေါက်တာတိုးသီရိအောင်တို့ ရေးသားထားသည့် ဆောင်းပါးအရ...

ကုလသမဂ္ဂ နှစ် (၈၀) ပြည့်...

အီသီယိုပီးယား နိုင်ငံဝန်ကြီးချုပ် H.E. Abiy Ahmed ၏ ဖိတ်ကြားချက်အရ မေ ၁၃ ရက်က အဒစ်အဘာဘာမြို့၊ National Palace...
HomeNewsLocal Newsမအူပင်မြို့တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ...

မအူပင်မြို့တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အ.က.က (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် KG-Grade 1 နှင့် မူကြိုသင်နည်းပြစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိ ဆရာ၊ ဆရာမများ၊ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်သူစုစုပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မေ ၁၄ ရက်မှ မေ ၂၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၃၄ ဦးအား နည်းပြ ၁၂ ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းမှတစ်ဆင့် KG-Grade 1 နှင့် မူကြိုသင်ကြားရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျ အထောက်အကူပြုနိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၅ နိုင်ငံခရီးစဉ် စတင်

နယူးဒေလီ၊ မေ ၁၅ ရက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေနှင့် အီတလီနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်ကို သောကြာနေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။ မီဒီယာများ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ်၏ အဆိုပါခရီးစဉ်သည် ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ဆန်းသစ်တီထွင်မှုနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု တို့အပါအဝင် ကဏ္ဍပေါင်းစုံတွင် အိန္ဒိယ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ခြင်းဖြစ်သကဲ့သို့ ဥရောပနှင့် ပင်လယ်ကွေ့ဒေသတို့တွင် နူးဒေလီ၏ တိုးချဲ့ထိတွေ့ဆက်ဆံမှုများကို ပိုမိုခိုင်မာစေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။ ယခုခရီးစဉ်သည် မိုဒီအတွက်...

တရုတ်နိုင်ငံတော်ညစာစားပွဲ၌ တင်မ်ကွတ်နှင့် အီလွန်မတ်စ်တို့ အလယ်တွင် နေရာရသည့် အမျိုးသမီးလုပ်ငန်းရှင် ကျိုးကွမ်ဖေး

ကုန်ထုတ်လုပ်မှုလုပ်ငန်းစုကြီးဖြစ်သော Lens Technology ကို ဦးဆောင်နေသည့် ကျိုးကွမ်ဖေးသည် ကြာသပတေးနေ့ညက တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် တည်ခင်းဧည့်ခံသည့် နိုင်ငံတော်ညစာစားပွဲတွင် အချက်အချာကျသော နေရာတစ်ခု၌ ထိုင်ခွင့်ရခဲ့သည်။ သူမသည် သူမ၏ အရေးအကြီးဆုံး ဖောက်သည်နှစ်ဦးဖြစ်သည့် Apple စီအီးအို တင်မ်ကွတ်နှင့် Tesla တည်ထောင်သူ အီလွန်မတ်စ်တို့၏ အလယ်တွင် နေရာရခဲ့ခြင်းဖြစ်သည်။ CCTV မှ ထုတ်လွှင့်သော ရုပ်သံမှတ်တမ်းများနှင့် မီဒီယာအစီရင်ခံစာများအရ အဆိုပါ ညစာစားပွဲသို့ အမေရိကန် အမှုဆောင်အရာရှိများနှင့် တာဝန်ရှိသူများအပြင် တရုတ်စီးပွားရေးလုပ်ငန်းရှင် အများအပြားလည်း...

ဟန်းတာဗိုင်းရပ်စ် မြန်မာသို့ ကူးစက်နိုင်ခြေနည်းပါး၊

ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ ဟန်းတာဗိုင်းရပ်စ်ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးသော်လည်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးနှင့် ဒေါက်တာတိုးသီရိအောင်တို့ ရေးသားထားသည့် ဆောင်းပါးအရ ဟန်းတာဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ကဲ့သို့ လူမှလူသို့ အလွယ်တကူ မကူးစက်နိုင်ဘဲ အချိန်ကြာမြင့်စွာ နီးကပ်ထိတွေ့မှုရှိမှသာ ကူးစက်နိုင်ကြောင်း အထောက်အထားများရှိသဖြင့် ပြည်သူလူထုအတွင်း ဆက်လက်ပျံ့နှံ့နိုင်ခြေ နည်းပါးကြောင်း ဖော်ပြထားသည်။ ကမ္ဘာတစ်ဝှမ်းတွင် ဟန်းတာဗိုင်းရပ်စ် ကူးစက်မှုနှင့် ရောဂါဖြစ်ပွားမှုနှုန်းမှာ နည်းပါးနေပြီး ၂၀၂၅ ခုနှစ်အတွင်း အမေရိကတိုက်ရှိ နိုင်ငံ ၈ နိုင်ငံတွင် လူနာ ၂၂၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071