မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
ယနေ့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြို တင်ကာကွယ်ရေးအနေဖြင့်ရပ်ကွက်များအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ရေတင်ကျန်နိုင်သည့် နေရာတိုင်းတွင် အဘိတ်ဆေးခတ်ခြင်း၊ဆေးစိမ်ခြင်ထောင်များ စနစ်တကျ သုံးစွဲရန် ပညာပေးခြင်း၊ “ဖုံး၊ သွန်၊ လဲ၊ စစ်” လုပ် ငန်းစဉ်များဖြင့် ခြင်ကျားအန္တရာယ်ကို ကာကွယ်ရန် တိုက်တွန်းခြင်းများကို
အသိပညာပေးဝေခဲ့ကြကြောင်း သိရသည်။
မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရော ဂါ ကင်းစင်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်း မာရေးဝန်ထမ်းများကို မိဘပြည်သူများအနေဖြင့် နွေးထွေးစွာ ကြိုဆိုကူညီပေးကြပါရန်နှင့် ရောဂါကာကွယ်ရေးလုပ် ငန်းစဉ်များကို မိမိတို့အိမ်တိုင်ရာရောက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
