Thursday, May 14, 2026

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း...

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ ယနေ့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြို တင်ကာကွယ်ရေးအနေဖြင့်ရပ်ကွက်များအတွင်း တစ်အိမ်တက်...

ခုံးကျော်တံတားများရှိ စက်လှေကားများ ပြန်လည်ပြင်ဆင်ပေးရန် ရန်ကုန်မြို့ခံများလိုလား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လူကူးမျဉ်းကြားများ၊ ခုံးကျော်တံတားများနှင့် မြေအောက်လမ်းများမှ စနစ်တကျ ကူးသန်းသွားလာရေး အသိပညာပေးလုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို မေ ၇...

သီပေါဆေးရုံ အဆင့်မြှင့်တင်ရေးအတွက် လွှတ်တော်တွင် မေးခွန်း...

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပြည်သူ့ဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် ပြီးခဲ့သည့် လွှတ်တော်ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၄ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း...

ORPT စနစ်ဖြင့် ကြားဘူတာ ရထားလက်မှတ်များ...

ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာ့မီးရထား၏ Online Railways Ticketing and Payment (ORPT) စနစ်မှ ရထားလက်မှတ် ကြိုတင်ဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများကို...
HomeNewsLocal Newsကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ကွာလာလမ်ပူသို့ ရောက်ရှိ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် မေ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး ကွာလာလမ်ပူမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် မလေးရှားနိုင်ငံသို့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို မေ ၁၆ ရက်မှ ၂၃ ရက်အထိ ကွာလာလမ်ပူမြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှ ဇင်မင်းဦး (အာဒစ်) ၊ သန့်ဇင်ထွန်း (ဓာတ်လုံး) ၊ အောင်အောင် (အောင်ကြီး) ၊ အောင်မျိုးကျော် (မျိုးလေး) ၊ ရှိန်းဝဏ္ဏဇော် (ရှိန်းလေး) ၊ ရန်ပိုင်ဦး (ကျောင်းတိုက်) ၊ ရဲထက်၊ ဟန်ဝင်းထွဋ် (အန့်ကူ) ၊ သက်ပိုင်စိုး၊ မင်းသန့်သူ၊ ချစ်လွန်းပိုနှင့် ရှင်းသန့်နောင်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်ခြင်းများ စတင်

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ ယနေ့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြို တင်ကာကွယ်ရေးအနေဖြင့်ရပ်ကွက်များအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ရေတင်ကျန်နိုင်သည့် နေရာတိုင်းတွင် အဘိတ်ဆေးခတ်ခြင်း၊ဆေးစိမ်ခြင်ထောင်များ စနစ်တကျ သုံးစွဲရန် ပညာပေးခြင်း၊ "ဖုံး၊ သွန်၊ လဲ၊ စစ်" လုပ် ငန်းစဉ်များဖြင့် ခြင်ကျားအန္တရာယ်ကို ကာကွယ်ရန် တိုက်တွန်းခြင်းများကိုအသိပညာပေးဝေခဲ့ကြကြောင်း သိရသည်။ မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရော ဂါ ကင်းစင်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်း မာရေးဝန်ထမ်းများကို...

ခုံးကျော်တံတားများရှိ စက်လှေကားများ ပြန်လည်ပြင်ဆင်ပေးရန် ရန်ကုန်မြို့ခံများလိုလား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လူကူးမျဉ်းကြားများ၊ ခုံးကျော်တံတားများနှင့် မြေအောက်လမ်းများမှ စနစ်တကျ ကူးသန်းသွားလာရေး အသိပညာပေးလုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို မေ ၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့ မေ ၁၄ ရက်တွင် နောက်ထပ် တစ်ပတ် ထပ်မံတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။ ယင်းသို့ အသိပညာပေးမှုများအပြင် လူကူးခုံးကျော်တံတားများတွင် တပ်ဆင်ထားသည့် စက်လှေကားများကို ပြန်လည်ပြင်ဆင်ပေးပါက သက်ကြီးရွယ်အိုများနှင့် လမ်းကူးသွားလာသူများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။ “ခုံးကျော်တံတားလှေကားတွေက မတ်ပြီး မြင့်တာတွေရှိတော့ သက်ကြီးရွယ်အိုတွေက အလွယ်တကူ လမ်းကူးလိုက်တာများတယ်။ တချို့ခုံးကျော်တံတားတွေမှာ...

သီပေါဆေးရုံ အဆင့်မြှင့်တင်ရေးအတွက် လွှတ်တော်တွင် မေးခွန်း ၆ ခု တင်သွင်းထား

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပြည်သူ့ဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် ပြီးခဲ့သည့် လွှတ်တော်ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၄ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၂ ခု တင်သွင်းထားကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။ လက်ရှိတွင် တင်ပြထားသည့် ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် သီပေါပြည်သူ့ဆေးရုံအတွင်းရှိ လမ်းညွှန်ဆိုင်းဘုတ်များကို ဒေသခံပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာဘာသာနှင့် ရှမ်းဘာသာ နှစ်မျိုးစလုံးဖြင့် ထည့်သွင်းဖော်ပြရန် လမ်းညွှန်ထားကြောင်း သိရသည်။ “သီပေါဒေသခံပြည်သူများ ဆေးရုံတက်ရောက်ရာတွင် ပိုမိုအဆင်ပြေစေရေးနှင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071