လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်ပေးထားကြောင်း သိရသည်။
အသိပညာပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီးနောက် ယနေ့ မေ၁၄ တွင် တစ်ပတ် ထပ်မံတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းရက်သတ္တပတ်ကျော်လွန်ပြီးပါက စတင်အရေးယူမှုများ ရှိလာမည်ဟုလည်း သိရသည်။
လက်တလော၌ အသိပညာပေးမှုများကို ရန်ကုန်မြို့ရှိ လမ်းဆုံ၊ လမ်းခွနှင့် လူကူးကုန်းကျော်တံတားများရှိသည့်နေရာများနှင့် အခြားမြို့နယ်များရှိ လူစည်ကားရာ မီးပွိုင့်များတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ YRTC နှင့် အခြားဌာနဆိုင်ရာတို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ=ပေါ်ပြူလာနယူးစ်
