ရုရှားနိုင်ငံသည် ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာ့အစွမ်းထက်ဆုံး နျူကလီးယားဒုံးကျည်ကို ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ဆာမတ်ဒုံးကျည်သည် အနောက်တိုင်း၏ မည်သည့် အလားတူမျိုးဆက်ဒုံးကျည်ထက်မဆို လေးဆကျော် ပိုမိုထိရောက်ပြီး မိုင်ပေါင်း ၂၁,၇၅၀ မိုင်အထိ ရောက်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။
၎င်းသည် လက်ရှိနှင့် အနာဂတ် ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထိုးဖောက်ကျော်လွှားနိုင်စွမ်းရှိသည်ဟု ရုပ်သံမှတ်ချက်များတွင် ပူတင်က ပြောကြားခဲ့သည်။
အင်္ဂါနေ့က ဒုံးကျည်စမ်းသပ်မှု သည် အေယင်မြင်ခဲ့ကြောင်း ဒုံးကျည်တပ်ဖွဲ့မှူး ဆာဂေး ကာရာကာယက်ဗ်က သမ္မတထံ အစီရင်ခံတင်ပြနေသည်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။
ဆာမတ်ဒုံးကျည်စနစ်တပ်ဆင်ထားသော လောင်ချာများကို ဖြန့်ကျက် ချထားခြင်းသည် ပစ်မှတ်များကို ဖျ-က်ဆီးခြင်းနှင့် မဟာဗျူဟာမြောက် တားဆီးရေး ပြဿနာများကို ဖြေရှင်းရာတွင် မြေပြင်အခြေစိုက် မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့များ၏ တို-က်ခိုက်ရေးစွမ်းရည်ကို သိသိသာသာမြှင့်တင်ပေးလိမ့်မည် ဟု မစ္စတာ ကာရာကာယက်ဗ်က ပြောကြားခဲ့သည်။
အနောက်တိုင်းကျွမ်းကျင်သူများ၏ အဆိုအရ ၂၀၂၄ ခုနှစ်က ပစ်လွှတ်စင်တွင် နက်ရှိုင်းသောချိုင့်ကြီးတစ်ခုဖြစ်ပေါ်စေခဲ့သည့် စမ်းသပ်ပစ်လွှတ်မှု အပါအဝင် နှစ်များစွာ နှောင့်နှေးကြန့်ကြာမှုများနှင့် ဆုတ်ယုတ်မှုများ အပြီးတွင် ယခုဖြန့်ကျက် ချထားမှုပေါ်ပေါက်လာခြင်းဖြစ်သည်။
မစ္စတာ ပူတင်သည် ၂၀၁၈ ခုနှစ်တွင် ၎င်း စတင်ခဲ့သော ခေတ်မီရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ရုရှား၏ နျူကလီးယားလက်နက်အမျိုးအစားသစ်အချို့၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ချဲ့ကားပြောဆိုခဲ့သည်ဟုလည်း လေ့လာသူများက ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲစတင်ကတည်းက ပဋိပက္ခအတွင်း အနောက်နိုင်ငံများ ထဲထဲဝင်ဝင် ပါဝင်လာမည့်အရေးကို ဟန့်တားရန်အတွက် နျူကလီးယားလက်နက်များအသုံးပြုလာနိုင်သည့် ထင်မြင်ချက်မျိုးဖြစ်စေရန် ရုရှားသမ္မတက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။
Ref: စကိုင်းနူးစ်
