Tuesday, May 12, 2026

KIP ဆိပ်ကမ်းသို့ စားအုန်းဆီတန်ချိန် (၅၃၀၀)ဝင်ရောက်

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက်...

လာမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ဧရာဝတီယူနိုက်တက်အသင်း ဘင်္ဂလားဒေ့ရှ်တိုက်စစ်မှူး...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင်ယှဉ်ပြိုင်မည့် ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းသည် အသင်း၏ တိုက်စစ်ပိုင်း အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ရီတူးပေါ်နာ ချက်ကမာ (Ritu...

စလင်းမြို့ ပုထိုးဖြူရပ်ကွက်ရှိ တောင်သူ (၄၀)...

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးသီးနှံစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ (မေလ ၁၂ ရက်) နံနက် ၉...

ထိုင်ဝမ်ကို ဒဗ္ဗလျူအိတ်ခ်ျအို ညီလာခံ တက်ခွင့်မပြု-...

လာမည့်သီတင်းပတ်တွင် စတင်မည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိပ်ချ်အို) ၏ နှစ်ပတ်လည်ညီလာခံတွင် ထိုင်ဝမ်ကို ပါဝင်တက်ရောက်ခွင့်မပြုကြောင်း တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြောကြားခဲ့ သော်လည်းထိုင်ဝမ်ကမူ တရားဝင်အစည်းအဝေး၏ ပြင်ပအစည်းအဝေများအတွက်...
HomeMoviesကမာကေးကျေးရွာရှိ ချောင်းတူးဖော်ချဲ့ထွင်နေမှုကို ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်များ...

ကမာကေးကျေးရွာရှိ ချောင်းတူးဖော်ချဲ့ထွင်နေမှုကို ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာကေးကျေးရွာရှိ ချောင်းပြန်လည်တူးဖော်ချဲ့ထွင်ရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မွန်ညီညွတ်ရေးပါတီ (MUP) မှ ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ နုန်းမြေများ ဖယ်ရှားရေးနှင့် လက်ရှိလုပ်ငန်းခွင် အခြေအနေများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယခုကဲ့သို့ ချောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရခြင်းမှာ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေဖူလုံစွာ ရရှိစေရန်နှင့် မိုးရာသီတွင် ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် လုပ်ငန်းများ အမြန်ဆုံးနှင့် အထိရောက်ဆုံး ပြီးစီးနိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများကို “ပြည်သူ့လိုအပ်ချက်ကို ဗဟိုပြု၍ ပိုမိုကောင်းမွန်သော အပြောင်းအလဲများဆီသို့” ဆိုသည့် ဦးတည်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ-ချောင်းဆုံ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KIP ဆိပ်ကမ်းသို့ စားအုန်းဆီတန်ချိန် (၅၃၀၀)ဝင်ရောက်

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာကုမ္ပဏီများမှ စားအုန်းဆီများကို ပြည်ပမှတင်သွင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်းနှင့် KIP ဆိပ်ကမ်းများသို့ ဆီသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ (၂၇) ရက်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ KI P...

လာမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ဧရာဝတီယူနိုက်တက်အသင်း ဘင်္ဂလားဒေ့ရှ်တိုက်စစ်မှူး ရီတူးပေါ်နာကို ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင်ယှဉ်ပြိုင်မည့် ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းသည် အသင်း၏ တိုက်စစ်ပိုင်း အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ရီတူးပေါ်နာ ချက်ကမာ (Ritu Porna Chakma) ကို ခေါ်ယူစာချုပ်လိုက်ပြီးဖြစ်ကြောင်း အသိပေးထားသည်။ ရီတူးပေါ်နာသည် ၂၀၂၄ ခုနှစ် တောင်အာရှအမျိုးသမီးချန် ပီယံရှစ် (SAFF Women's Championship) ပြိုင်ပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်း ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံး၏ အကောင်းဆုံး ကစားသမားဆု (Most Valuable Player)ကိုပါ ရရှိထားသူဖြစ်ကြောင်း သိရသည်။ ဘယ်တောင်ပံတိုက်စစ်တွင် အဓိကကစားသည့် သူမကို...

စလင်းမြို့ ပုထိုးဖြူရပ်ကွက်ရှိ တောင်သူ (၄၀) ဦးအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် (၃၇၈) သိန်း ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးသီးနှံစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ (မေလ ၁၂ ရက်) နံနက် ၉ နာရီက စတင်ထုတ်ချေးပေးခဲ့ရာ ပုထိုးဖြူရပ်ကွက်မှ တောင်သူ (၄၀) ဦးအား ငွေကျပ် (၃၇၈) သိန်းကို ပထမဦးဆုံး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ချေးငွေထုတ်ချေးမှု အစီအစဉ် ယခုထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ်ချေးငွေသည် ပုထိုးဖြူရပ်ကွက်အတွင်းရှိ တောင်သူ (၄၀) ဦး၏ မိုးစပါးစိုက်ဧက (၁၂၆) ဧကအတွက် ဖြစ်ပြီး၊ တစ်ဧကလျှင် ငွေကျပ် (၃) သိန်းနှုန်းဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071