Home Movies ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို ကွင်းဆက်လိုက်ဖမ်းဆီးရမိ

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို ကွင်းဆက်လိုက်ဖမ်းဆီးရမိ

0
94

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နံနက်ပိုင်းက ကလေးမြို့အဝင်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က NISSAN CONDOR ကားနှင့် GOLDEN TRUCK ကားတို့ပေါ်မှ ဘိန်းဖြူ(၄၈ ဒသမ ၄)ကီလိုကို သက်ပိုင်စိုး၊ ဇော်ထိုက်၊ မျိုးရဲနိုင်၊ ကျော်လင်းတို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

​စစ်ဆေးချက်များအရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း ၌ နိုင်လင်းဇော်နှင့် နေလင်းဦး(ခ)ဆေးဆရာတို့မောင်းနှင်လာသည့်ကားပေါ်မှ ဘိန်းဖြူ(၂၈ ဒသမ ၆)ကီလို၊ ကလေးမြို့၌လက်ခံရယူမည့်သူ ညွန့်တင်နှင့် လားရှိုးမြို့မှ သယ်ဆောင်ခိုင်းသူ နိုင်ဝင်း(ခ)ရုပ်ဆိုး၊ ဧပြီ ၃၀ ရက်တွင် ဘဂျမ်း တို့ကိုထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ပြည်ကြီးတံခွန်မြို့နယ်၌ရပ်တန့်ထားသော (၆)ဘီးကားပေါ်မှ စိတ်ကြွဆေးပြား(၄)သန်းပြားကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ငွေကျပ်(၉ ဒသမ ၈၅)ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို ပြစ်မှုကျူးလွန်သူများနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရအရေးယူထားကာ ၎င်းတို့၏ မူးယစ်ဆေးဝါးမှရရှိသော ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအ ဖြစ်သိမ်းဆည်းနိုင်ရန် “ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ” ဖြင့်လည်း ထပ်မံအရေးယူထားကြောင်း သိရသည်။

ယခုဖြစ်စဥ်အရ ကလေးမြို့မှစတင်ခဲ့သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် တစ်လနီးပါးအတွင်း မန္တ လေးနှင့် ပြည်မြို့နယ်အထိကွင်းဆက်လိုက်၍ ဖော် ထုတ်နိုင်ခဲ့ခြင်းကြောင့် မူးယစ်ဂိုဏ်းကြီးတစ်ခုလုံးကို ဖြိုခွင်းနိုင်ခဲ့ခြင်းဖြစ်ကာ မူးယစ်ဆေးဝါးသယ်ဆောင်သူများကိုသာမက ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုပါ ငွေ ကြေးခဝါချမှုဥပဒေဖြင့်အရေးယူခြင်းသည် မူးယစ်ဂိုဏ်းများ၏ စီးပွားရေးအရင်းအမြစ်ကိုဖြတ်တောက်ရန် အလွန်ထိရောက်သောနည်းလမ်းဖြစ်၍ ကုန်တင်ယာဉ်ကြီးများကိုအသုံးပြုပြီး ခရီးဝေးသယ်ဆောင်သည့်ပုံစံဖြစ်ရာ ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုတင်းကျပ်စွာစစ်ဆေးရန်လိုအပ်နေပြီဖြစ်ပေသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here