Friday, May 8, 2026

ရန်ကုန်တွင် မိုးတိမ်တောင်ဖြစ်ပေါ်နေ၊ လေပြင်းနှင့် မိုးသီးကြွေနိုင်ခြေရှိသဖြင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါတိမ် တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များဖြစ်ပေါ်နိုင်သည်သဖြင့် ကြိုတင်သတိပြုကြရန် ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိ...

ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည့် လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများကို ဖြေရှင်းရန် ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

ရန်ကုန် ညပြေးပွဲ၌ ပါဝင်သူများ အဆင်ပြေစေနိုင်ရန်...

ရန်ကုန်မြို့တွင် မနက်ဖြန် (မေ၉) ညအချိန်၌ ပြုလုပ်မည့် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ အဆင်ပြေစေရန်...

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားမှ မြန်မာ့စက်သုံးဆီဈေးနှုန်းများ (၃) ပတ်ဆက်တိုက်...

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားမှ မြန်မာ့စက်သုံးဆီဈေးနှုန်းများ (၃) ပတ်ဆက်တိုက် ပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်မလားမြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ရက်သတ္တပတ် (၃) ပတ်မှစတင်ကာ...
HomeMoviesတောင်တရုတ်ပင်လယ်တွင်း နှောင့်ယှက်မှုများရပ်ရန် ဖိလစ်ပိုင်ကို...

တောင်တရုတ်ပင်လယ်တွင်း နှောင့်ယှက်မှုများရပ်ရန် ဖိလစ်ပိုင်ကို တရုတ်တိုက်တွန်း

ပေကျင်း၊ မေ ၇ ရက်

တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း သိပ္ပံသုတေသနလုပ်ငန်းများကို ဖိလစ်ပိုင်ဘက်က နှောင့်ယှက်ဟန့်တားမှုကို တုံ့ပြန်သည့်အနေဖြင့် တရားမဝင် နိုင်လိုမင်းထက်ပြုမှုများ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် လုပ်ဆောင်မှုများနှင့် မီးမွှေးလှုံ့ဆော်သည့် ဝါဒဖြန့်မှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်သုတေသနသင်္ဘော Xiangyanghong 33 သည် တရုတ်နိုင်ငံ၏ Houteng ကျောက်တန်း အနီးရှိ ရေပြင်တွင် ဥပဒေ နှင့်အညီပင်လယ်ရေကြောင်း ဂေဟစနစ်ကို စစ်တမ်းကောက်ယူနေစဉ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် Islander လေယာဉ်တစ်စင်းက ဗုဒ္ဓဟူးနေ့တွင် ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နှောင့်ယှက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကျန်း လွယ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် အဆိုပါလေယာဉ်ကို ခြေရာခံ စောင့်ကြည့်ခဲ့ပြီး တရုတ်သင်္ဘော၏ ဘေးကင်းသော လုပ်ငန်းဆောင်ရွက်မှုများကို အာမခံနိုင်ရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း ကျန်း က ဆိုသည်။ ဖိလစ်ပိုင်ဘက်မှ စွပ်စွဲချက်များသည် အချက်အလက်များကို လိမ်လည်လှည့်ဖြားခြင်းသာဖြစ်ပြီး လူထုကို လမ်းမှားရောက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ စီရင်ပိုင်ခွင့်အောက်ရှိ ရေပြင်များတွင် အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်း က ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ သိပ္ပံစစ်တမ်းကောက်ယူမှုများ ဘေးကင်းစေရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် လိုအပ်သော အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် မိုးတိမ်တောင်ဖြစ်ပေါ်နေ၊ လေပြင်းနှင့် မိုးသီးကြွေနိုင်ခြေရှိသဖြင့် အထူးသတိပြုရန် လိုအပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါတိမ် တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များဖြစ်ပေါ်နိုင်သည်သဖြင့် ကြိုတင်သတိပြုကြရန် ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိ ပေးထားသည်။ ထို့ပြင် ယနေ့  မေ (၈) ရက်အတွက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်း နေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ မန္တလေးနှင့်တနင်္သာရီတိုင်းတို့၌ မိုးရွာသွန်ရန် ရာခိုင်နှုန်း ၈၀ အထိ ရှိသည်ဟုဆိုသည်။ အလားတူ တိုင်းနှင့်ပြည်နယ်အလိုက် မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီ တိုင်းဒေသကြီးနေရာကျဲကျဲ၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့်...

ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည့် လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများကို ဖြေရှင်းရန် ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ (မေ ၂ ရက်) ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခြင်းလည်း ဖြစ်သည်။ ယင်းသို့ ပြောကြားရာတွင် ယင်းဆက်သွယ်ရေးကြိုးများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးကုမ္ပဏီများ ပူးပေါင်း၍ (Under Ground Cable Network) ချိတ်ဆက်မှုစနစ်ကို အမြန်ပြင်ဆင်...

ရန်ကုန် ညပြေးပွဲ၌ ပါဝင်သူများ အဆင်ပြေစေနိုင်ရန် YBS ယာဉ်များကို ည ၁၀ နာရီထိ ပြေးဆွဲပေးသွားမည်

ရန်ကုန်မြို့တွင် မနက်ဖြန် (မေ၉) ညအချိန်၌ ပြုလုပ်မည့် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ အဆင်ပြေစေရန် YBS ယာဉ်များကို ည ၁၀ နာရီထိ ပြေးဆွဲပေးသွားမည်ဟု သိရသည်။ “ကျွန်တော်တို့ YHNR Team မှ ပြိုင်ပွဲဝင် Runners များအားလုံး အိမ်အပြန်လမ်းမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ဆူးလေး (Sule) မှထွက်ခွာမည့် YBS Bus လိုင်းများ ကို ပြိုင်ပွဲနေ့ ကျရင် ည (၁၀:၀၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071