Friday, May 8, 2026

ရန်ကုန်တွင် မိုးတိမ်တောင်ဖြစ်ပေါ်နေ၊ လေပြင်းနှင့် မိုးသီးကြွေနိုင်ခြေရှိသဖြင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါတိမ် တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များဖြစ်ပေါ်နိုင်သည်သဖြင့် ကြိုတင်သတိပြုကြရန် ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိ...

ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည့် လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများကို ဖြေရှင်းရန် ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

ရန်ကုန် ညပြေးပွဲ၌ ပါဝင်သူများ အဆင်ပြေစေနိုင်ရန်...

ရန်ကုန်မြို့တွင် မနက်ဖြန် (မေ၉) ညအချိန်၌ ပြုလုပ်မည့် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ အဆင်ပြေစေရန်...

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားမှ မြန်မာ့စက်သုံးဆီဈေးနှုန်းများ (၃) ပတ်ဆက်တိုက်...

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားမှ မြန်မာ့စက်သုံးဆီဈေးနှုန်းများ (၃) ပတ်ဆက်တိုက် ပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်မလားမြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ရက်သတ္တပတ် (၃) ပတ်မှစတင်ကာ...
HomeMoviesဟန်တာဗိုင်းရပ်စ်ကကူးစက်မှုနည်း--ဒဗ္ဗလျူအိတ်ခ်ျအို

ဟန်တာဗိုင်းရပ်စ်ကကူးစက်မှုနည်း–ဒဗ္ဗလျူအိတ်ခ်ျအို

MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ဗိုင်းရပ်စ်က ထပ်မံမပြန့်ပွားစေရန် ကြာသပတေးနေ့တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အာဏာပိုင်များသည် ရောဂါပိုးမတွေ့ရှိမီ သင်္ဘောပေါ်မှ ဆင်းသွားခဲ့သည့် ခရီးသည်များနှင့် ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများကို လိုက်လံစုံစမ်းလျက်ရှိသည်။ MV Hondius သင်္ဘောပေါ်တွင် ဖြစ်ပွားခဲ့သော ကူးစက်မှုကြောင့် ဒတ်ခ်ျဇနီးမောင်နှံနှစ်ဦးနှင့် ဂျာမနီနိုင်ငံသားတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိတ်ခ်ျအို) ၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် အတည်ပြုလူနာ ၅ ဦးရှိပြီး သံသယလူနာ ၃ ဦး ရှိကြောင်း သိရသည်။

MV Hondius သင်္ဘောပေါ်မှ နောက်ထပ်ဖျားနာနေသော ခရီးသည်တစ်ဦးသည် ဥရောပသို့ ရောက်ရှိလာခဲ့ပြီး သင်္ဘောသည် စပိန်ကျွန်းတစ်ခုသို့ ဦးတည်ခုတ်မောင်းနေစဉ် ကျန်းမာရေးတာဝန်ရှိသူများက လူအချင်းချင်း ကူးစက်နိုင်သည့် အန္တရာယ်ရှိသော ဤဗိုင်းရပ်စ်မျိုးစိတ် ပြန့်နှံ့မှုကို မြေပုံဖော်ထုတ်ရန် ကြိုးပမ်းနေကြသည်။ သင်္ဘောပေါ်တွင် လူ ၃ ဦး ‌ေ-သဆုံးမှုကြောင့် နိုင်ငံတကာတွင် စိုးရိမ်မှုများ မြင့်တက်ခဲ့သော်လည်း ကျန်းမာရေးတာဝန်ရှိသူများကမူ ဤဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ ထက် ကူးစက်မှုနှုန်း နည်းပါးသဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်မည်ကို စိုးရိမ်ရန်မလိုကြောင်း ပြောကြားထားသည်။ ဒဗ္ဗလျူအိတ်ချ်အို အကြီးအကဲ တက်ဒရိုစ် အက်ဒါနမ် ဂေဘရီယေဆုစ် က အန်ဒီစ်ဗိုင်းရပ်စ် (Andes virus) ၏ ရောဂါပျိုးချိန်မှာ ၆ ပတ်အထိ ကြာမြင့်နိုင်သဖြင့် အတည်ပြုလူနာများ ထပ်မံထွက်ပေါ်လာနိုင်ကြောင်း ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟန်တာဗိုင်းရပ်စ်သည် ကြွက်များမှတစ်ဆင့် ပြန့်ပွားသော ရှားပါးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး အသက်ရှူရခက်ခဲခြင်း၊ နှလုံးပိုင်းဆိုင်ရာ ဝေဒနာများနှင့် သွေးယိုဖိတ်သော အဖျားရောဂါများကို ဖြစ်စေနိုင်သည်။ ဤရောဂါအတွက် ကာကွယ်ဆေးနှင့် ကုသဆေး မရှိသေးဘဲ ရောဂါလက္ခဏာ သက်သာစေရန်သာ ကုသပေးနိုင်ပါသည်။ ခရီးသည်တစ်ဦးသည် အာဂျင်တီးနားနိုင်ငံမှ သင်္ဘောပေါ်မတက်မီ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းစဉ်အတွင်း အခြားသူများကို ကူးစက်စေခဲ့သည်ဟု ယူဆရသည်။ အာဂျင်တီးနား တာဝန်ရှိသူများက သင်္ဘောစတင်ထွက်ခွာခဲ့သည့် Ushuaia ကမ်းခြေမြို့ရှိ ကြွက်များကို စစ်ဆေးရန် စီစဉ်လျက်ရှိသည်။

ပထမဆုံး‌ေ-သဆုံးသူ ဒတ်ခ်ျအမျိုးသားသည် ဧပြီလ ၁၁ ရက် နေ့တွင် သင်္ဘောပေါ်၌ ‌ေ-သဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီးမှာလည်း ခင်ပွန်းဖြစ်သူ၏ရုပ်အလောင်းကို တောင်အာဖရိကသို့ လိုက်ပါပို့ဆောင်စဉ် ဖျားနာကာ ၁၅ ရက်အကြာတွင် ထပ်မံ‌ေ-သဆုံးခဲ့သည်။ အဆိုပါအမျိုးသမီးသည် ရောဂါလက္ခဏာပြနေစဉ်အတွင်း စိန့်ဟယ်လီနာကျွန်းမှ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့သဖြင့် အာဏာပိုင်များသည် အဆိုပါလေယာဉ်ပေါ်ပါ ခရီးသည် ၈၂ ဦးနှင့် လေယာဉ်အဖွဲ့သား ၆ ဦးကို လိုက်လံရှာဖွေနေကြသည်။ လက်ရှိတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူများကို ဗြိတိန်၊ ဂျာမနီ၊ နယ်သာလန်၊ ဆွစ်ဇာလန်နှင့် တောင်အာဖရိကနိုင်ငံတို့တွင် သီးခြားခွဲထား၍ ကုသမှုပေးလျက်ရှိသော်လည်း ဤသည်မှာ ကိုဗစ်ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါအသွင်သို့ ရောက်ရှိမည်မဟုတ်ကြောင်း ဒဗ္ဗလျူအိတ်ခ်ျအို တာဝန်ရှိသူများက အလေးပေးပြောကြားခဲ့သည်။

Ref: ဖရွန်စ်ဗန့်ကတ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် မိုးတိမ်တောင်ဖြစ်ပေါ်နေ၊ လေပြင်းနှင့် မိုးသီးကြွေနိုင်ခြေရှိသဖြင့် အထူးသတိပြုရန် လိုအပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး အဆိုပါတိမ် တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များဖြစ်ပေါ်နိုင်သည်သဖြင့် ကြိုတင်သတိပြုကြရန် ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိ ပေးထားသည်။ ထို့ပြင် ယနေ့  မေ (၈) ရက်အတွက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်း နေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ မန္တလေးနှင့်တနင်္သာရီတိုင်းတို့၌ မိုးရွာသွန်ရန် ရာခိုင်နှုန်း ၈၀ အထိ ရှိသည်ဟုဆိုသည်။ အလားတူ တိုင်းနှင့်ပြည်နယ်အလိုက် မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီ တိုင်းဒေသကြီးနေရာကျဲကျဲ၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့်...

ရန်ကုန်တိုင်း၌ ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည့် လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများကို ဖြေရှင်းရန် ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ် အမြန်ဆုံးပြောင်းလဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ (မေ ၂ ရက်) ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခြင်းလည်း ဖြစ်သည်။ ယင်းသို့ ပြောကြားရာတွင် ယင်းဆက်သွယ်ရေးကြိုးများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးကုမ္ပဏီများ ပူးပေါင်း၍ (Under Ground Cable Network) ချိတ်ဆက်မှုစနစ်ကို အမြန်ပြင်ဆင်...

ရန်ကုန် ညပြေးပွဲ၌ ပါဝင်သူများ အဆင်ပြေစေနိုင်ရန် YBS ယာဉ်များကို ည ၁၀ နာရီထိ ပြေးဆွဲပေးသွားမည်

ရန်ကုန်မြို့တွင် မနက်ဖြန် (မေ၉) ညအချိန်၌ ပြုလုပ်မည့် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ အဆင်ပြေစေရန် YBS ယာဉ်များကို ည ၁၀ နာရီထိ ပြေးဆွဲပေးသွားမည်ဟု သိရသည်။ “ကျွန်တော်တို့ YHNR Team မှ ပြိုင်ပွဲဝင် Runners များအားလုံး အိမ်အပြန်လမ်းမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ဆူးလေး (Sule) မှထွက်ခွာမည့် YBS Bus လိုင်းများ ကို ပြိုင်ပွဲနေ့ ကျရင် ည (၁၀:၀၀)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071