မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းဘေး/ညောင်ပင်သာကျေးရွာအနီး နှစ်ရှည်”လက်ပံ”ပင်အောက်ခြေမှ ကျိုးပဲ့လဲကျကာ 33/11kV,(5)MVA ဖလန်ကျင်းခွဲရုံ၏ 11kV ရေဝေဓာတ်အားလိုင်းရှိ Tension H Pole (၂)တိုင်စင်ကျိုးပဲ့ပြီး Suspension Arm (၃)ချောင်း/လိုင်းကြိုး ACSR 95 mm2 (၁၃၀)ပေခန့်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ (၆၁)ရွာတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိ၍ လျှပ်စစ်ဓာတ်အားပြန်လည်ပေးပို့နိုင်ရန် လျှပ်စစ်ကျွမ်း ကျင်ဝန်ထမ်းများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။