ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းတွင်ရှိသည့်ဗေဒင်ဆရာနေအိမ်ကို ဓားမြတိုက်သည့် ကျူးလွန်သူ ၃ ဦးကို လက်နက်များနှင့်အတူဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
အဆိုပါဖြစ်စဥ်သည့် ယနေ့ မေလ ၇ ရက်နေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိ အမျိုးသားသုံးယောက်က စရဖ အယောင်ဆောင်ပြီး ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်ကို ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
” ဖြစ်စဥ်ကမှန်ပါတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။
အဆိုပါ ကျူးလွန်သူသုံးဦးကို ရပ်ကွက်နေထိုင်သူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ သေနတ် နှစ်လက် ၊ ကျည်ဆံ ၊ ဖုန်းသုံးလုံး ၊ မှတ်ပုံတင် အပါ ငွေသားအချို့နှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။